တနင်္သာရီတိုင်း၊ မြိတ်မြို့ပေါ်ရှိ ငပိဈေးနှုန်း

Powered by Drupal

   တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်တွင် ငပိကို အဓိကထားလုပ်ကိုင်လျက် ရှိပါသည်။ ငပိကို ‌ဒေသထွက် ပုစွန်၊ဂွေး၊ငါး စသည့်တို့မှာ အဓိကရရှိပြီး ရေထွက်ကုန်ပစ္စည်းတစ် မျိုးလည်း ဖြစ်ပါသည်။ ဟင်းချက်ရာတွင် ဟင်းမျိုးခတ်အဖြစ် ထည့်သုံးကြပါသည်။ အပြင် တို့စရာ ငပိထောင်းအဖြစ်လည်း သုံးစွဲကြပါသည်။ မြိတ်ဒေသထွက်ငပိသည် မြန်မာနိုင်ငံ အမြို့မြို့အနယ် နယ်သို့ တင်ပို့လျက်ရှိပြီး လူကြိုက်များသောကြောင့် ဈေးကောင်းရရှိကြောင်းလည်း သိရှိရပါ သည်။ ငပိအမျိုးအစားအမျိုးမျိုးနှင့် အရည်အသွေးပေါ်မူတည်ပြီး ဈေးနှုန်းကွာခြားမှုများလည်း ရှိ ကြောင်းသိရှိရပါသည်။ မြိတ်ဒေသထွက်ငပိကို ထားဝယ်မြို့က ပိုမိုဝယ်ယူကြကြောင်းလည်း သိရှိ ရပါသည်။

  ယခု၂၀၂၅ခုနှစ်၊ ဇွန်လပထမပတ်တွင် မြိတ်မြို့ပေါ်ရှိငပိဈေးနှုန်းမှာ (၈၀၀၀)ကျပ်နှင့် (၉၀၀၀)ကျပ်ရှိကြောင်းလည်း သိရှိရပါသည်။ ယခင်မေလတွင် ငပိဈေးနှုန်းမှာ(၈၀၀၀)ကျပ်ရှိ ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)