
ကျွန်းလှမြို့နယ်ရှိ ကျေးရွာများတွင် စပါး၊ ပဲမျိုးစုံနှင့် စားဖိုဆောင် သီးနှံများကို စိုက်ပျိုး ရောင်းချလျက်ရှိရာ ကင်းမုံသီးကို ကျွန်းလှမြို့ပေါ်ရပ်ကွက်များ နှင့် ကျေးရွာများမှ ကင်းမုံသီးကို စင်ထိုး ပြီး စိုက်ပျိုးကြသလို ခြံစည်းရိုးပေါ် တင်ပြီး စိုက်ပျိုးကြကြောင်းသိရသည်။
၂၀၂၅ ခုနှစ်၊ ဇွန်လ ပထမပတ်အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်း ရောင်းချလျက် ရှိသည့် ကင်းမုံသီး ဈေးနှုန်းများမှာ ကင်းမုံသီး လက္ကား တစ်ပြည်လျှင်(၁၈၀၀)ကျပ်၊ ကင်းမုံသီး လက်လီ တစ်ပြည်လျှင်(၂၀၀၀)ကျပ်၊ ကင်းမုံသီး နို့ဆီ(၄)ဘူးလျှင် (၁၀၀၀)ကျပ်၊ ကင်းမုံသီးနို့ဆီ(၂)ဘူးလျှင် (၅၀၀) နှင့် ကင်းမုံသီး နို့ဆီ တစ်ဘူးလျှင်(၃၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်း ဈေးသည်ထံမှ သိရသည်။
Doca(စစ်ကိုင်း)