မွန်ပြည်နယ်၊ သထုံမြို့နယ်တွင်စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်းဆောင်ရွက်

Powered by Drupal

         မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊သထုံခရိုင်၊ ဒုတိယခရိုင်ဦးစီးမှူး ဦးအောင်ကျော်မင်းနှင့်ဝန်ထမ်းများသည် (၂၁.၇.၂၀၂၂) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီက သထုံမြို့နယ်၊ အ.မ.က(လွန်) ပန်းတိမ်ရွာ၊ နောင်ကုလားကျေးရွာအုပ်စု၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

         အဆိုပါ ဟောပြောပွဲတွင် ဒုတိယခရိုင်ဦးစီးမှူး ဦးအောင်ကျော်မင်းက စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူတို့၏အခွင့်အရေး(၈)ချက်နှင့် လိုက်နာရမည့် တာဝန်(၄)ချက်ကိုလည်းကောင်း၊ စားသုံးသူပြည်သူများအတွက် ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ကုန်စည်များဝယ်ယူသုံးစွဲရာတွင် သတိပြုရမည့် ကုန်အညွှန်းအမှတ်အသားများနှင့်စပ်လျဉ်းသည့် သိရှိရမည့် သတင်းအချက်အလက်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုရှိပါက တိုင်ကြားနိုင်သည့်နည်းလမ်းနှင့် တိုင်ကြားနိုင်သည့်နေရာများ call Center ဖြင့် တိုင်ကြားမှုတို့ ရှင်းလင်းဆွေးနွေးပြီး စားသုံးသူရေးရာအသိပညာပေးလက်ကမ်းစာစောင်များအား သထုံမြို့နယ်တာဝန်ခံ ဦးထိန်လင်းထွန်းမှ ကျောင်းအုပ်ဆရာမကြီးထံသို့ ပေးအပ်ခဲ့ပါကြောင်းနှင့် ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါဖြိုးအိအိစံနှင့်အတူ ဆရာ/ဆရာမ (၅) ဦး၊ ကျောင်းသား/သူ (၁၂၄) ဦး တက်ရောက်ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)