ရာသီပေါ်ဗမာမြင်းခွာရွက်ဈေးကွက်

Powered by Drupal

            မြင်းခွာရွက်သည် မြန်မာနိုင်ငံတွင် သဘာဝအလျောက် ပေါက်ရောက်သော ဆေးဖက်ဝင်သော နွယ်ပင်မျိုးဖြစ်ကြောင်း၊ ဗမာမြင်းခွာရွက်သည် စိုထိုင်းစရှိသော မြေနှင့်အရိပ်အနည်းငယ် ရှိသော နေရာများတွင် ကောင်းစွာဖြစ်ထွန်းကြောင်း၊ မိုးရာသီဖြစ်သော ဇွန်လနှင့် ဇူလိုင်လများတွင် စိုက် ပျိုးလေ့ရှိပြီး စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် ရိတ်သိမ်းထွက်ပေါ်ကြောင်း၊ စိုထိုင်း သောရာသီဥတုကို နှစ်သက်ပြီး၊  စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ(၂-၃)လအကြာတွင် အရွက်များ စတင် ခူးဆွတ်ကြောင်းသိရှိရသည်။  

             မြင်းခြံဈေးကွက်၌ ၂၀၂၅ခုနှစ်၊ဇွန်လပထမပတ်တွင် ပေါ်ဦးပေါ်ဖျားဈေးဖြစ်သော ဗမာမြင်း ခွာရွက်၂၅ ကျပ်သားလျှင်(၁၃၀၀) ကျပ်၊ တစ်ပိဿာလျှင် (၅၀၀၀) ကျပ်ပေါက်ဈေး  ရှိကြောင်း၊ ဆေးဖက်ဝင်ပြီး လူမျိုးဘာသာ မရွေးစားသုံးကြသောကြောင့် ဈေးကွက်တွင် အရောင်းသွက် လျှက်ရှိကြောင်း၊ နေ့စဉ် ဗမာမြင်းခွာရွက် (၄-၅) ပိဿာခန့်ရောင်းချရကြောင်း၊ ၎င်းကို‌အသုပ်စုံဆိုင် များနှင့် စားသောက်ဆိုင်များက အများဆုံးဝယ်ယူကြောင်း ကုန်စိမ်းရောင်းချသူတစ်ဦး၏ ပြောပြ ချက် အရသိရှိရသည်။ မြင်းခြံဒေသအတွင်း ရှိကျေးရွာအများစုမှ ထွက်ရှိသော ဗမာမြင်းခွာရွက် များကို တောင်သူများက အေးမြသီတာဈေးရှိ ကုန်စိမ်းဆိုင်များသို့ တင်သွင်းရောင်းချသလို၊  တောင်သူများကိုယ်တိုင်လည်း လာရောက်ရောင်းချကြောင်း၊ ၎င်းတို့အနေဖြင့် ကုန်ကျစရိတ် သက်သာပြီး ဝင်ငွေရရှိကြောင်းသိရှိရသည်။ ကျန်းမာရေးအကျိုးများကျေးဇူးအနေဖြင့် ဗမာမြင်းခွာ ရွက်သည် ဦးနှောက်သွေး လည်ပတ်မှုကို အထောက်အကူပြု၍ မှတ်ဉာဏ်ကောင်းစေခြင်း၊ စိတ်ဖိ စီးမှုကိုလျော့ချပေး၍ အိပ်မပျော်ခြင်း ကိုသက်သာစေကြောင်း၊ ဝက်ခြံ၊အရေပြားယားယံသော ဘက် တီးရီးယားနှင့်မှိုပိုးများ ကိုတိုက်ဖျက်နိုင်သော အာနိသင်ရှိကြောင်း၊ သွေးတိုးကျစေပြီး၊ အသည်းနှင့် ကျောက်ကပ်မှ အဆိပ်အတောက်များကို ဖယ်ရှားပေး၍ သွေးသန့်စေကြောင်း၊ အစာအိမ်အချဉ် ပေါက်ခြင်းနှင့် ဝမ်းချုပ်ခြင်းကို သက်သာစေကြောင်းသိရှိရသည်။ စားသုံးမှုအနေဖြင့် မြင်းခွာရွက်ကို အခြောက်လှန်း၍ လက်ဖက်ရည်အဖြစ်သောက်ခြင်း၊ အရွက်ကိုမြေပဲဆံ၊ ကြက်သွန်နီဆီချက်တို့ဖြင့် သုပ်စားခြင်း၊  အတို့အမြှုပ် အဖြစ်ငါးပိရည်နှင့်စားသုံးခြင်း၊ ပုစွန်ခြောက်ဖြင့် ဟင်းရည်ချက်စားခြင်း စသည်ဖြင့် အမျိုမျိုးစားသုံးကြကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)