တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်းရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

Powered by Drupal

      အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ မေလ ၂၈ ရက်နေ့မှ ဇွန်လ ၃ ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည် တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက် ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ ပန်းမန်များ အများဆုံးဝင်ရောက်ရောင်းချနေကြောင်း သိရှိရပါသည်။ ထိုသို့ဝင်ရောက်ရာတွင် ယခု ရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ် (ပိဿာ) ကျပ် 1,6၀၀ မှ 2,8၀၀ အတွင်း၊ ဂေါ်ဖီထုပ် (တစ်ထုပ်) ကျပ် 1,0၀၀ မှ 1,7၀၀ အတွင်း၊ ပန်းဂေါ်ဖီ (ထုပ်) ကျပ် 1,0၀၀ မှ 1,6၀၀ အတွင်း၊ အာလူး (ပိဿာ) ကျပ် 2,5၀၀ မှ 3,0၀၀ အတွင်း၊ မုန့်လာဥနီ (ပိဿာ) ကျပ် 7,0၀၀ မှ 7,၅၀၀ အတွင်း ရွှေဖရုံသီး (လုံး) ကျပ် 1,5၀၀ မှ 2,0၀၀ အတွင်း၊ ဗူးသီး (လုံး) ကျပ် ၁,၀၀၀ မှ 3,0၀၀ အတွင်း၊ မုန်ညှင်း (ထုပ်) (ပိဿာ)  ကျပ် 2,၀0၀ မှ 3,0၀၀ အတွင်း၊ ကြက်သွန်နီ (ဆိပ်ဖြူ) ကျပ် 1,1၀၀ မှ 1,60၀ အတွင်း၊ ကြက်သွန်ဖြူ (ရှမ်း) (ပိဿာ) ကျပ် 5,0၀၀ မှ 7,0၀၀ အတွင်း၊ ကြက်သွန်ဖြူ (ကြူကုတ်) (ပိဿာ) ကျပ် 9,5၀၀ မှ 10,0၀၀ အတွင်း၊ ချင်း (ပိဿာ) ကျပ် 3,0၀၀ မှ 5,0၀၀ အတွင်း၊ ဆလပ်ရွက် (စီး) ကျပ် 30၀ မှ 50၀ အတွင်း၊ ချဉ်ပေါင်ရွက်(စီး) ကျပ် 10၀ မှ 20၀ အတွင်း၊ ခရမ်းသီး  (ရှည်) (ပိဿာ)ကျပ် 1,0၀၀ မှ 1,5၀၀ အတွင်း၊ သံပရာသီး (လုံး) ကျပ် 5၀ မှ 25၀ အတွင်း၊ ငရုတ်သီးစိမ်း (ကျောက်စိမ်း) (ပိဿာ)ကျပ် 1,1၀၀ မှ 1,8၀၀ အတွင်း၊ ဖရဲသီး (အကြီး၊ အလတ်၊ အသေး) ကျပ် 1,5၀၀ မှ 6,0၀၀ အတွင်းဖြစ်ကြောင်း သိရှိရပါသည်။ တညင်း ကုန်း လက်ကားဈေးကြီးအတွင်းသို့ ယခုရက်သတ္တပတ်အတွင်း သံပုရာသီးအလုံးပေါင်း 1,643,950 ကျော်၊ ခရမ်းသီး (ရှည်) (ပိဿာ) 47,765 ကျော်၊ ဗူးသီးအလုံးပေါင်း 17,810 ကျော်၊ ရွှေဖရုံသီး အလုံးပေါင်း 10,272 ကျော်၊ ဂေါ်ဖီထုပ်ပေါင်း 123,090 ကျော်၊ ပန်းဂေါ်ဖီထုပ်ပေါင်း 60,200ကျော်၊ မုန်ညှင်းထုပ်(ပိဿာ) ပေါင်း (13090) ကျော်၊ ဖရဲသီးလုံးပေါင်း(24791)ကျော် အသီးသီးကုန်အဝင်ရှိကြောင်း သိရပါသည်။

DOCA(ရန်ကုန်)