မြင်းခြံမြို့ စံပြဈေးတွင် အခြေခံစားသောက်ကုန်များရောင်းချပေး

Powered by Drupal

         မြင်းခြံမြို့နယ် ပြည်သူများသက်သာသောဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန်များဝယ်ယူ သုံးစွဲနိုင်ရေးအတွက် ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏လမ်းညွှန်မှုဖြင့် ပြည်သူသက်သာ ဈေး ရောင်းနေ့အား ၅-၆-၂၀၂၅ ရက်နေ့ နံနက် (၀၈ : ၀၀) နာရီအချန်တွင် မြင်းခြံမြို့ စံပြဈေးတွင် ရောင်းချခဲ့ကြောင်းသိရသည်။ ထိုအရောင်းဆိုင်ဖွင့်လှစ်ရောင်းချခြင်းအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင် ဆောင်ရွက်လျက်ရှိပြီး စားသုံးသူရေးရာဦးစီးဌာန၊ ဆန်အသင်းအဖွဲ့၊ ဆီအသင်းအဖွဲ့နှင့် ဈေးကော်မတီဝင်များပူပေါင်း၍ ဆန်တစ်ပြီ ၃၆၀၀/- ကျပ် ၊ စားအုန်းဆီ တစ်ပိဿာ ၇၇၀၀/- ကျပ် ၊ ကြက်ဉတစ်လုံး ၄၀၀/- ကျပ်၊ အမဲသားတစ်ပိဿာ ၂၅၀၀၀/-ကျပ်၊ ဝက်သား တစ်ပိဿာ ၂၆၀၀၀/-ကျပ် နှင့်ဆိတ်သားတစ်ပိဿာ ၂၈၀၀၀/- ကျပ်ရောင်းချပေးခဲ့ပြီး လွတ်လပ်စွာ လာရောက်ဝယ်ယူနိုင်သည့်အတွက် ရပ်ကွက်စုံမှလာရောက်ဝယ်ယူကြကြောင်း ဦးဆောင် ဆောင်ရွက်သူထံမှသိရပြီး ယင်းရောင်းချမှုအစီအစဉ်အား မြင်းခြံမြို့ရှိ မြို့မဈေး၊ စံပြဈေးနှင့်အေးမြသီတာဈေးတို့တွင် အလှည့်ကျပုံမှန် ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)