မိတ္ထီလာဈေးကွက်သို့ ကုန်စိမ်းဝင်ရောက်မှု

Powered by Drupal

      မိတ္ထီလာမြို့ရှိ ဘဲကန်ဈေးသည် ကုန်စိမ်းလက်လီ၊လက်ကား ရောင်းဝယ်သောဈေးဖြစ်ရာ ရှမ်းပြည်နယ်တောင်ပိုင်း ၊တောင်ကြီး ၊ အောင်ပန်း၊ပင်းတယမြို့နယ်များမှ ကုန်စိမ်းများနေ့စဉ် ဝင်ရောက်ကြောင်း သိရသည်။တစ်ရက်လျှင်(၁၀)ဘီး၊ (၁၂)ဘီး၊ (၁၆)ဘီး၊ (၂၂)ဘီးကားများဖြင့် ကားအစီးရေ(၂၀၀)ကျော်ဝင်ရောက်ရာ မုန့်ညှင်း၊ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ ၊ခါကြက်ဥ ၊ဘိုစားပဲသီး ၊ရွှေပဲသီး ၊ခရမ်းချဉ်သီး ၊ကြက်သွန်ဖြူ၊ ဂျင်းတို့မှာ ကုန်ချိန်(၁)သိန်းကျော်နေ့စဉ် ဝင်ရောက်လျက်ရှိသည်၊၊ ကုန်တင်ခအနေဖြင့် တောင်းတစ်ပိဿာလျှင် (၁၅၀- ၂၀၀)ကျပ်၊ ခရမ်းချဉ်သီး(၂၂/၂၃)ပိဿာပါ ခရမ်းချဉ် သေတ္တာတစ်လုံးလျှင် (၃၅၀၀)ကျပ်ရှိပြီး(၁၀)ပိဿာပါ ခရမ်းချဉ်သီးသေတ္တာတစ်လုံး လျှင်(၁၅၀၀)ကျပ်ဈေး ရှိပါသည်။ခါကြက်ဥ၊ မုန့်ညှင်း၊ရွှေပဲသီး၊ဘိုစားပဲသီး၊ ကြက်သွန်ဖြူတို့မှာ ပိဿာချိန်ဖြင့် ဝင်ရောက်ပြီး ဂေါ်ဖီထုတ်၊ပန်းဂေါ်ဖီတို့မှာ(ထုပ်)ဖြင့်ဈေးဖြတ်၍ ဝင်ရောက်ကြောင်း သိရသည်။၂၀၂၅ ခုနှစ် ဇွန်လဆန်းတွင် မိတ္ထီလာမြို့ဘဲကန်ဈေးသို့အရောက်သွင်းဈေးများမှာ ဂေါ်ဖီ၊ပန်းဂေါ်ဖီတစ်ထုပ်လျှင်(၃၀၀- ၄၀၀)ကျပ်၊ ခါကြက်ဥတစ်ပိဿာလျှင် (၇၀၀)ကျပ်၊ ရွှေပဲသီးတစ်ပိဿာလျှင် (၈၀၀)ကျပ်၊ မုန့်ညှင်းတစ်ထုပ် (၇၀-၈၀)ကျပ်၊ကြက်သွန်ဖြူတစ်ပိဿာလျှင်(၃၅၀၀-၆၀၀၀)ကျပ်၊ ခရမ်းချဉ်သီး(အင်းသီး)မှာ(၁၃၀၀-၁၈၀၀) ကျပ်၊ပင်းတယမှ ဝင်ရောက်သောခရမ်းချဉ်သီး(နွားချေးသီး)မှာ(၁၂၀၀-၁၇၀၀)ကျပ်ဈေးဖြင့် သွင်းရကြောင်း ကုန်စိမ်းပွဲစားတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

    မိတ္ထီလာခရိုင်အတွင်း ကုန်စိမ်းစိုက်ပျိုးမှုရှိသော်လည်း ဒေသတွင်းလုံလောက်မှုမရှိသည့်အတွက် ရှမ်းပြည်နယ်တောင်ပိုင်းမှ တင်သွင်းခြင်းဖြစ်ကြောင်း သိရသည်။

DOCA(မန္တလေး)