ရာသီစာ ဇောင်ချန်းချဉ်

Powered by Drupal

     မိတ္ထီလာမြို့၊ ပေါက်ချောင်းဈေးတွင် ဇောင်ချန်းချဉ်များရောင်းချလျက်ရှိပြီး ဇောင်ချန်းချဉ်မှာ ဇောင်းချန်းသီးများကို အဝိုင်းလိုက်ပါးပါးလှီးဖြတ်၍ ထမင်းစေ့ဖြင့်အချဉ်တည်ထားသော ရာသီစာတစ်မျိုးဖြစ်ပါသည်။ ဇောင်ချန်းချဉ်ကို အသားတစ်မျိုးမျိုး၊ ပုစွန်ခြောက်စသည်တို့ဖြင့် ရောနှော၍ ကြော်၍ တစ်မျိုး၊ ချက်ပြုတ်၍တစ်မျိုး စားသောက်ကြသည့် ဟင်းအမယ်တစ်မျိုးဖြစ်ပါသည်။ဇောင်ချန်းပင်များကို ကျေးရွာများတွင် အိမ်ဝိုင်းထဲ၌ အလေ့ကျပေါက်ရောက်လျှက်ရှိပြီး စီးပွားဖြစ်စိုက်ပျိုးမှုတော့မရှိပေ။ ကျေးရွာများတွင် ၎င်းဇောင်ချန်းသီးများကို အခွံခွာ၍အထဲမှအဆံကို ပါးပါးလှီးကာ ထမင်းစေ့ဖြင့် အချဉ်သိပ်၍ အခွံများကို တိရစ္ဆာန်အစာများတွင် ရောနှော၍ ကျွေးကြောင်း သိရသည်။

    ဇွန်လ၊ပထမပတ်တွင် ဇောင်ချန်းချဉ်ဈေးမှာ (၁၀)သားလျှင်(၂၀၀၀)ကျပ်၊ (၂၅)သားလျှင် (၅၀၀၀) ကျပ်၊ (၅၀)သားလျှင်(၉၀၀၀)ကျပ်နှင့် (၁)ပိဿာလျှင် (၁၈၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရသည်။

DOCA(မန္တလေး)