မိတ္ထီလာခရိုင်တွင် နွေစပါးစိုက်ပျိုးမှုများလာ

Powered by Drupal

     မိတ္ထီလာခရိုင်အတွင်း ၂၀၂၅-၂၀၂၆ ခုနှစ်စိုက်ပျိုးရာသီအတွက် နွေစပါးကိုမိတ္ထီလာမြို့နယ်တွင် (၇၀၈)ဧက၊ မလှိုင်မြို့နယ်တွင် (၁၆၉)ဧက၊သာစည်မြို့နယ်တွင် (၆၉၅)ဧက၊ဝမ်းတွင်းမြို့နယ်တွင် (၃၂၉၉)ဧက၊စုစုပေါင်း (၄၈၇၁)ဧက စိုက်ပျိုးထားကြောင်း မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရပါသည်။

    နွေစပါးကို မနောသုခ၊ရွှေသွယ်ရက်၊ရက်(၉၀)စသည့် သက်တမ်းတိုပြီး ရာသီဥတုဒဏ်ခံသည့် စပါးမျိုးများကို စိုက်ပျိုးကြပါသည်။မတ်လ၊ ဧပြီလများကစိုက်ပျိုးခဲ့ပြီး ဇွန်လကုန်နှင့်ဇူလိုင်လတွင် ရိတ်သိမ်းသွားမည်ဖြစ်သည်။စပါးဈေးနှုန်းအနေနှင့် ပြီးခဲ့သည့်မိုးစပါးမှာ မနောသုခတင်း(၁၀၀)လျှင် (၂၂)သိန်း၊ ပဒေသာတင်း(၁၀၀)လျှင် (၃၀)သိန်းရှိပြီး စပါးဈေးကွက်မှာတော့ အရောင်းအဝယ်အေးကြောင်း သိရပြီး ဆန်ဈေးမှာ မနောသုခ(၁)အိတ်လျှင် (၈၀၀၀၀)ကျပ်ဝန်းကျင်၊ဒေသထွက် ပဒေသာ (၁)အိတ်လျှင် (၁၁၅၀၀၀-၁၂၀၀၀၀)ကျပ်ရှိကြောင်း ဈေးကွက်မှသိရသည်။

  မိတ္ထီလာခရိုင်အနေနှင့် မိုးစပါးကိုအစိုက်များပြီး ယခုနှစ်မှာတော့ နွေစပါးကိုလည်းတိုးချဲ့စိုက်ပျိုးလာခြင်းဖြစ်ကြောင်း သိရသည်။

DOCA(မန္တလေး)