မိတ္ထီလာဈေးကွက်တွင် ကြက်သွန်နီဈေးထပ်မံကျဆင်း

Powered by Drupal

      မိတ္ထီလာဈေးကွက်တွင် မေလကုန်၌ ကြက်သွန်နီဈေး ထပ်မံကျဆင်းလာသောကြောင့် ဈေးကွက်မှ သိရသည်။ မတ်လ၊ဧပြီလများတွင် ဈေးကွက်သို့ အသစ်ဝင်ရောက်လေ့ရှိသော ဆောင်းကြက်သွန်နီမှာ မေလပိုင်းသို့ရောက်လျှင် သိုလှောင်ရန် ဝယ်ယူမှု့ကြောင့်လည်းကောင်း၊ ပြည်ပဝယ်လက်များ ဝယ်လိုအားကြောင့်လည်းကောင်း ဈေးမြင့်လေ့ရှိသော်လည်း ယခုနှစ်တွင် ဈေးနှုန်းမှာ ထပ်မံကျဆင်းလျက်ရှိသည်။ ဆောင်းကြက်သွန်နီမှ နှုတ်သိမ်းမီက မိုးရွာသွန်းမှု့ကြောင့် မိုးမိခဲ့သဖြင့် သိုလှောင်ရန် အရည်အသွေးနိမ့်ခြင်း၊ နယ်ဝေးတင်ပို့ရာ၌လည်း သယ်ယူစရိတ်မြင့်ခြင်းတို့ကြောင့် ဝယ်လက်များက ဈေးကောင်းမပေးနိုင်ခြင်း ဖြစ်သည်။ ဆောင်းကြက်သွန်သီးနှံ ထွက်ချိန် မတ်လက တောင်သူရောင်းဈေး တစ်ပိဿလျှင် ၁၀၀၀/-မှ၄၀၀၀/-ထိ ရှိခဲ့ရာမှ ဧပြီလမှာတော့ ၁၂၅၀/-မှ၁၃၀၀/- သို့ ကျဆင်းခဲ့ပါသည်။ မေလကုန်ပိုင်းမှာတော့ တစ်ပိဿလျှင် ၉၀၀/-၊၁၀၀၀/- အထိ ထပ်မံကျဆင်းလာကြောင်း ဈေးကွက်မှသိရသည်။ မိတ္ထီလာခရိုင်အတွင်း မိတ္ထီလာ ၊မလှိုင်မြို့နယ်များတွင် ကြက်သွန်နီ အများဆုံးစိုက်ပျိုးပြီး ပွဲစားများအနေနှင့် တောင်သူများထံမှ ဝယ်ကာ နယ်ဝယ်လက်သို့ တိုက်ရိုက်တင်ပို့ကြသည်။ နယ်ဝယ်လက်များအနေဖြင့် ရန်ကုန်၊ပဲခူး၊ တာချီလိတ် ၊ မော်လမြိုင်၊မိုင်းလားမြို့များသို့ တင်ပို့ကြောင်း ကုန်သည်များထံမှ သိရသည်။

DOCA(မန္တလေး)