မြင်းခြံမြို့၏ စက်သုံးဆီဈေုးနှုန်းပြောင်းလဲမှုအခြေအနေ

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့်  မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းဖြန့် ဖြူး ရောင်းချရေးအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့်  ပြည်သူများသက်သာသောဈေးနှုန်းဖြင့် ဝယ်ယူ ရရှိနိုင်ရန် ရည်ရွယ်၍ သတ်မှတ်ရည်ညွှန်းဈေးများအား အပတ်စဉ် သောကြာနေ့တိုင်းထုတ်ပြန် လျက်ရှိကြောင်း  သိရှိရသည်။

    မြင်းခြံမြို့၏ ယခုလ ဇွန်လ ပထမပတ်တွင် စက်သုံးဆီ တစ်လီတာဈေးများမှာ 92 Octance ဓါတ်ဆီ (၂၉၅၅ )ကျပ်၊ 95 Octance ဓါတ်ဆီ (၃၀၀၅ ) ကျပ်၊ ရိုးရိုးဒီဇယ် ( ၂၄၉၀) ကျပ်၊ ပရီမီယမ်ဒီဇယ် (၃၀၆၅) ကျပ်ဖြစ်ကြောင်းသိရှိရသည်။ ကာလတူနှိုင်းယှဉ်ပါက ယခင်လ မေလပထမပတ်တွင် စက်သုံးဆီ တစ်လီတာဈေးများမှာ 92 Octance ဓါတ်ဆီ (၂၉၉၅)ကျပ်၊ 95 Octance ဓါတ်ဆီ ( ၃၀၅၅) ကျပ်၊ ရိုးရိုးဒီဇယ် ( ၂၅၈၅) ကျပ်၊ အဆင့်မြင့်ဒီဇယ် ( ၃၁၆၅) ကျပ်ဖြစ်ခဲ့ကြောင်း သိရှိရသည်။ ယခင်လဖြစ်သော ဇွန်လပထမပတ်ထက် 92တစ်လီတာလျှင် (၅၀)ကျပ်၊ 95တစ်လီတာလျှင်(၅၀)ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာလျှင်(၉၅)ကျပ်၊ ပရီမီယမ် ဒီဇယ်တစ်လီတာလျှင်(၁၀၀)ကျပ် ဈေးနှုန်းကျဆင်းခဲ့ကြောင်းနှင့် ယခင်အပတ်ဖြစ်သော မေလ နောက်ဆုံးပတ်ထက် 92တစ်လီတာလျှင်(၁၅)ကျပ်၊ 95တစ်လီတာလျှင်(၂၀)ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာလျှင်(၂၅)ကျပ်၊ ပရီမီယမ်ဒီဇယ်တစ်လီတာလျှင်(၂၀)ကျပ် ဈေးနှုန်းကျဆင်းခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)