ကော့မှူးမြို့နယ်၊ မကျီးတန်းရပ်ကွက်၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပ

Powered by Drupal

               စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်တာဝန်ခံ ဦးတင်မင်းသည် ဇူလိုင်လ (၁၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် ကော့မှူးမြို့နယ်၊ မကျီးတန်းရပ်ကွက်အတွင်းရှိ ရပ်ကွက်သူ၊ ရပ်ကွက်သားများအား ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး းဟောပြောခဲ့ပါသည်။

        မြို့နယ်တာဝန်ခံက ဆွေးနွေးရာတွင် ဌာန၏လုပ်ငန်းဆောင်ရွက်ချက်များ၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေနှင့်စပ်လျဉ်း၍ စားသုံးသူအများပြည်သူတို့၏ စားသုံးသူအခွင့်အရေးများ ဆုံးရှုံးမှုမရှိစေရန်အတွက် စားသုံးသူအကာအကွယ်ပေးရေး ဥပဒေတစ်ရပ်ကို (၂၀၁၄) ခုနှစ်တွင် ပြဌာန်းခဲ့ပြီး ယင်းဥပဒေတွင် ခေတ်နှင့်မလျော်ညီသည့် ပြဌာန်းချက်များ းပါဝင်နေသည့်အတွက် (၂၀၁၉) ခုနှစ်တွင် ဥပဒေအဟောင်းကို ရုပ်သိမ်းပြီး စားသုံးသူကာကွယ်ရေးဥပဒေတစ်ရပ်ကို ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် (၉)၊ (၂၀၁၉) ခုနှစ်၊ မတ်လ (၁၅) ရက်နေ့တွင် ထပ်မံပြဌာန်းလိုက်သည်။

     စားသုံးသူကာကွယ်ရေးဥပဒေတွင် ဦးစီးဌာန၏လုပ်ပိုင်ခွင့်နှင့်လုပ်ငန်းတာဝန်များ၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ၎င်းကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုလုပ်ငန်းများ၏ အာမခံချက်နှင့်စပ်လျဉ်း၍ စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ ကုန်ညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအချက်များထဲမှ ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းသုံးစွဲပုံနည်းလမ်းနှင့် ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓါတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့အား မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည် ဖြစ်သည်။

       စားသုံးသူအများပြည်သူတို့အား ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် စားသုံးသူပြည်သူများအနေဖြင့် အမှန်တကယ်နစ်နာဆုံးရှုံးမှုများအပေါ် စားသုံးသူသတင်းအချက်အလက်နှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) ဖွင့်လှစ်ထားပါကြောင်း အသေးစိတ် ရှင်းလင်းဟောပြောဆွေးနွေးခဲ့ပါသည်။

DOCA(ရန်ကုန်)