မကွေးဈေးကွက်၏ နှမ်းဈေးနှုန်းအခြေအနေ

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးဈေးကွက်သို့ မြို့နယ်အတွင်းရှိ မိကျောင်းရဲ၊ လျောင်းတော်ဦး၊ ကံသစ်၊ ရွာဟောင်းကန်၊ သစ်ရာကောက် စသည့်ကျေးရွာများနှင့် မြို့သစ်၊ နတ်မောက်မြို့တို့မှထွက်ရှိသော နှမ်းမျိုးစုံနှင့် အခြားပဲမျိုးစုံများ ဝင်ရောက်ရောင်းဝယ် ဖောက်ကားလျက်ရှိပါသည်။

     ၂၀၂၅ခုနှစ်၊ ဇွန်လ(ပထမပတ်)တွင် နှမ်းနီ(၁)တင်းလျှင် ကျပ်(၁၁၈၀၀၀)၊ နှမ်းဖြူ (၁)တင်းလျှင် ကျပ်(၁၂၀၀၀၀)၊ နှမ်းနက်(စမုံ) (၁)တင်းလျှင် ကျပ်(၂၅၀၀၀၀)၊ နှမ်းညိုကြား(၁)တင်းလျှင် ကျပ် (၉၇၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး မေလ(ပထမပတ်)နှင့် နှိုင်းယှဉ်ပါက နှမ်းနီ ကျပ်(၃၀၀၀)၊ နှမ်းဖြူ ကျပ်(၂၀၀၀)နှင့် နှမ်းနက်(စမုံ)ကျပ်(၂၀၀၀၀)ဈေးနှုန်းမြင့်တက်လာပါသည်။ နှမ်းသီးနှံ ထွက်ပေါ်ရာသီမဟုတ်သည့်အတွက် အရောင်းအဝယ်မှာ အေးလျက်ရှိပြီး တစ်ပတ်အတွင်း တန်ချိန်အားဖြင့် (၂၀)တန်ခန့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(မကွေး)