ပိတောက်မြိုင်ဈေး၌ ဖြစ်ပေါ်နေသော သံပုရာသီး ဈေးနှုန်း

Powered by Drupal

             စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများ၊ မြို့ပေါ်ရပ်ကွက် များနှင့် ဒေသအသီးသီးမှ လာရောက်ရောင်းချကြသလို မန္တလေးမြို့တို့မှလည်း မှာယူရောင်းချကာ ယခုလို နွေရာသီတွင် သံပုရာသီး အနည်းငယ်ရှားပါးသည့်အတွက် ဈေးကွက်အတွင်း ဈေးကောင်းရရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း သိရ သည်။

            ယခု ၂၀၂၅ ခုနှစ်၊ ဇွန်လ ဒုတိယပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေး၌ ဖြစ်ပေါ်နေ သော သံပုရာသီး အလုံးအကြီး/ အသေးပေါ်မူတည်၍ သံပုရာသီး အကြီး(၁)လုံးလျှင်(၂၅၀)ကျပ်၊ (၅၀၀)ဖိုး (၂)လုံး၊ သံပုရာသီး အလတ်(၁)လုံးလျှင်(၂၀၀)ကျပ်(၅၀၀)ဖိုး(၃)လုံး နှင့် သံပုရာသီး အသေးတစ်လုံးလျှင် (၁၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် သံပုရာသီး ရောင်းချနေသော ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)