“မော်လမြိုင်ကုန်စည်ဒိုင်နှင့် မွန်ပြည်နယ်အတွင်းရှိ ကွမ်းသီးနှင့် ဆက်စပ်စီးပွားရေးလုပ်ငန်းရှင်များ မိတ်ဆက်တွေ့ဆုံပွဲကျင်းပ”

Powered by Drupal

           ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၁၇) ရက် ၊နေ့လည် (၁း၀၀) မှ ညနေ (၃း၀၀) အချိန်ထိ မော်လမြိုင်ကုန်စည်ဒိုင်ခန်းမ၌ မော်လမြိုင်ကုန်စည်ဒိုင်သည် ကွမ်းသီးနှင့်ဆက်စပ်လုပ်ငန်းရှင်များအကြား အချင်းချင်း ချိတ်ဆက်ဆောင်ရွက်မှုအားကောင်းလာစေရန်နှင့် ကွမ်းသီးနှင့်ဆက်စပ်စီးပွားရေးလုပ်ငန်းကဏ္ဍများ းဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ မိတ်ဆက်တွေ့ဆုံပွဲကို ကျင်းပခဲ့ရာ အဆိုပါတွေ့ဆုံပွဲသို့ စုစုပေါင်း (၄၅) ဦးတက်ရောက်ခဲ့ကြသည်။

          ဆွေးနွေးပွဲရလဒ်အနေဖြင့် မွန်ပြည်နယ်အတွင်းရှိ ကွမ်းသီးနှင့်ဆက်စပ်စီးပွားရေးလုပ်ငန်းရှင်များက ၎င်းတို့၏သက်ဆိုင်ရာကဏ္ဍအလိုက် အခက်အခဲများကို ရှင်းလင်းတင်ပြခဲ့ကြပြီး မော်လမြိုင်ကုန်စည်ဒိုင်မှ တာဝန်ရှိသူများနှင့်အတူပူးပေါင်းကာ အဖြေရှာဆွေးနွေးနိုင်ခဲ့သည်။ မော်လမြိုင်ကုန်စည်ဒိုင်အသင်းဝင်များနှင့် အခြားသောဆက်စပ်စီးပွားရေးလုပ်ငန်းရှင်များပါဝင်သော Social Media တစ်ခုဖြစ်သည့် Viber Group အား ဖွဲ့စည်းပေးနိုင်ခဲ့သည်။ ဆွေးနွေးပွဲသို့တက်ရောက်လာကြသော ကွမ်းသီးလုပ်ငန်းရှင်များနှင့် ကွမ်းသီးသယ်ဆောင်ပေးနေသော ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းရှင်များအားလုံး၏ သဘောတူညီမှုဆန္ဒအရ အသင်းဝင်များကို စုစည်းနိုင်ခဲ့ပြီး အမြန်ဆုံး “ကွမ်းသီးစိုက်ပျိုးတင်ပို့ရောင်းချသူများအသင်း” ဖွဲ့စည်းသွားကြရန် ဆွေးနွေးခဲ့ကြပြီး သဘောတူညီမှုကို ရရှိခဲ့ကြကြောင်း သိရှိရသည်။

DOCA(မွန်)