
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့မဈေးရှိ သစ်သီးဆိုင်များတွင် ပန်းသစ်တော်သီးများ အများအပြားရောင်းချလျက်ရှိကြောင်း၊ ပန်းသစ်တော်သီးများကို မန္တလေးမြို့ ရှိသစ်သီးပွဲရုံများမှ မှာယူရောင်းချလျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရသည်။
၂၀၂၅ ခုနှစ် ၊ ဇွန်လ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့ရှိ သစ်သီးဆိုင်များတွင် ရောင်းချလျက် ရှိသော ပန်းသစ်တော်သီး ဈေးနှုန်းများမှာ ပန်းသစ်တော်သီး(၄)လုံးလျှင် (၁၀၀၀၀)ကျပ်၊ ပန်းသစ် တော်သီး(၁)လုံးလျှင် (၃၀၀၀)ကျပ်နှင့် အလုံးသေးလျှင် (၂၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ပန်းသစ်တော်သီးသည် အရည်ရွှမ်းသော အသီးဖြစ်သည့်အတွက် စားသုံးသူများ ကြိုက်နှစ်သက်ကာ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။
Doca(စစ်ကိုင်း)