ထားဝယ်မြို့ရှိ သရက်သီး(ရင်ကွဲ)ဈေးနှုန်း

Powered by Drupal

     တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်ပတ်ဝန်းကျင်ရှိ ကျေးရွာများ၌ သရက်သီး(ရင်ကွဲ)များ လှိုင်လှိုင်ပေါများနေဖြစ်ပြီး မြို့မဈေးများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ ပတ်ဝန်းကျင်ရွာများမှ သရက်ပင်များရှိသည့် နေရာများအရောက် ကိုယ်တိုင်လိုက်ခူး၍ လက်ကားလိုက်လံဝယ်ယူသူများလည်း ရှိသည့်အပြင် သရက်ပင်ပိုင်ရှင်မှ ကိုယ်တိုင်ခူး၍ ဈေးကွက်အတွင်းကိုယ်တိုင် ရောင်းချမှုများလည်းရှိသည်။

   သရက်သီးများကို အရွယ်အစားအလိုက် ဈေးနှုန်းအမျိုးမျိုးသတ်မှတ်ထားပြီး စည်ပင်သာယာဈေးအတွင်း၌ အကြီးတစ်လုံးလျှင်(၅၀၀)ကျပ်၊ အငယ်တစ်လုံးလျှင်(၃၀၀)ကျပ်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)