ပခုက္ကူမြို့မဈေးကြီးအတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိသော အာလူးဈေးကွက်အခြေအနေ

Powered by Drupal

          ပခုက္ကူမြို့မဈေး၊ ဈေးကွက်သို့ စားဖိုဆောင်သီးနှံအာလူးများ နေ့စဉ် ရှမ်းပြည်(အောင်ပန်း) နှင့် တရုတ်နိုင်ငံ(ပြည်ပ)မှတင်သွင်းသော အာလူးများမန္တလေးမြို့မှတစ်ဆင့် ပခုက္ကူမြို့သို့ဝင်ရောက် လျက်ရှိပါသည်။ ဇူလိုင်လ(၁၅)ရက်မှ(၂၁)ရက်အတွင်း ဖြစ်ပေါ်ခဲ့သော အာလူး ဈေးနှုန်းများမှာ ရှမ်းပြည်(အောင်ပန်း)အာလူး တစ်ပိဿာလျှင် လက်လီဈေး(၂၂၀၀)ကျပ်၊ လက်ကားဈေး (၁၈၀၀/၁၉၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ တရုတ်နိုင်ငံ (ပြည်ပ)မှ ဝင်လာသော အာလူးတစ်ပိဿာလျှင် လက်ကားဈေး(၁၆၀၀)ကျပ်၊ လက်လီဈေး (၁၈၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။ တရုတ်နိုင်ငံထွက် အာလူးများသည် အခွံပါးပြီး တာရှည် အထားမခံသော်လည်း ရှမ်းပြည်(အောင်ပန်း) အာလူးများထက် ဈေးသက်သာ၍ အရောင်းအဝယ် ဖြစ်ကြောင်း၊ ဈေးနှုန်းနှိုင်းယှဉ်လျှင် ယခင်(၁)ပတ်ထက် ယခု(၁)ပတ်အတွင်း အာလူးတစ်ပိဿာ လျှင် ပျမ်းမျှ (၁၀၀)ကျပ်ခန့် ဈေးနှုန်းမြင့်တက်၍ အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။

          နေ့စဉ်ရှမ်းပြည်(အောင်ပန်း)မှ အာလူးများ(၁)ရက်လျှင် ပိဿာ(၃၀)ဝင်အိတ်၊ အိတ်(၇၀)ခန့်၊ ပိဿာ(၂၁၀၀)ခန့် ဈေးကွက်သို့ဝင်ရောက်ပြီး တရုတ်နိုင်ငံထွက်အာလူးများမှာလည်း နေ့စဉ်(၁)ရက် လျှင် ပိဿာ(၃၀)ဝင်အိတ် (၂၅)အိတ်ခန့်၊ ပိဿာ(၇၅၀)ခန့် ဈေးကွက်သို့ ဝင်ရောက်ပြီး ဇူလိုင် တတိယပတ်အတွင်း အာလူးပိဿာ အဝင်စုစုပေါင်း(၂၈၅၀)ခန့် ပခုက္ကူမြို့မ ဈေးကွက်သို့ဝင်ရောက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ အာလူးများကို ပခုက္ကူမြို့အတွင်း လက်လီ ပြန်လည် ရောင်းချမှုများနှင့်  အာလူးကြော်လုပ်ငန်းရှင်များ၊ စားသောက်ဆိုင်လုပ်ငန်းရှင်များမှ ဝယ်ယူခဲ့ကြ ကြောင်း စားဖိုဆောင်သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်မှ တစ်ဆင့် သိရှိရပါသည်။

DOCA(မကွေး)