
ကျွန်းလှမြို့တွင် ငှက်ပျောပင်များကို ယာမြေကွက်များ (သို့မဟုတ်) အိမ်ခြံဝင်းအတွင်းရှိ မြေကွက်လပ်များတွင် တစ်နိင်တစ်ပိုင် စိုက်ပျိုးကြပြီး အမျိုးအစားများမှာ ဖီးကြမ်း(စိမ်း)၊ ဖီးကြမ်း (ငှက်ပြာ)၊ ကသည်းငှက်ပျော(ခေါ်)ရခိုင်ငှက်ပျော၊ ဝက်မလွတ်ငှက်ပျောနှင့် ဝက်မလွတ် (ဘရာဇီး) ငှက်ပျောတို့ကို အများဆုံးစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ဇွန်လ ဒုတိယပတ်အတွင်း ဖြစ်ပေါ်နေသော ငှက်ပျောသီး ဈေးနှုန်းများမှာ ဖီးကြမ်း ငှက်ပျောတစ်ဖီးလျှင် (၂၅၀၀/၃၀၀၀)ကျပ်၊ ဝက်မလွတ်(ဘရာဇီး)တဖီးလျှင် (၃၅၀၀/၃၀၀၀) ကျပ်၊ ကသည်းငှက်ပျော(ခေါ်)ရခိုင် ငှက်ပျောသီး တစ်ဖီးလျှင်(၁၅၀၀/၂၀၀၀)ကျပ်၊ ဝက်မလွတ်ငှက်ပျော တစ်ဖီးလျှင် (၂၀၀၀/ ၂၅၀၀)ကျပ် ဈေးနှုန်းအသီးသီးတို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။
DOCA(စစ်ကိုင်း)