ရွာသစ်ရပ်ကွက်၊ မြို့မဈေးအတွင်းရှိ Sprite အမှတ်တံဆိပ် အချိုရည်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

         စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍(၉.၆.၂၀၂၅)ရက်နေ့ နံနက်(၀၉:၃၀) နာရီအချိန်တွင် ကြံခင်းမြို့၊ ရွာသစ်ရပ်ကွက် မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံအရောင်းဆိုင်နှင့် စတိုးဆိုင်များတွင် ရောင်းချသော Sprite အမှတ်တံဆိပ်အချိုရည်အမျိုးမျိုးအား  ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းခဲ့ရာတွင် မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းက စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်စေရန်၊  ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန်၊  Sprite အချို ရည်ဘူးပေါ်တွင် ကုန်စည်၏အမျိုးအမည်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းများအား မြန်မာဘာသာဖြင့်ဖော်ပြရန်နှင့်  ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်းရှိ/ မရှိတို့ကိုစစ်ဆေးခဲ့ပြီး၊ CCPBM အမှတ်တံဆိပ်နှင့် ပုံစံတူအစိမ်းရောင် ပလပ်စတစ်ဘူးများဖြင့် ထုတ်ပိုးထားသည့် Sprite အချိုရည်ဘူးများ ရောင်းချမှုမရှိကြောင်း၊ ဈေးကွက်အတွင်း‌ရောင်းချလျက်ရှိသော အချိုရည်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားပြီး၊ FDA ထောက်ခံချက်ရရှိထားသော ကုန်စည်များကိုသာ ရောင်းချလျက်ရှိကြောင်းတွေ့ရှိရပြီး  ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)