
စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူးသည် (၉.၆.၂၀၂၅) ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် ဟင်္သာတမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးအကြောင်း စားသုံးသူရေးရာ အသိပညာပေး Talk Show အစီအစဉ်ကို ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါအစီအစဉ်တွင် ဒု-ဦးစီးမှူး ဒေါ်ယဉ်ယဉ်ထွန်းက စားသုံးသူရေးရာဦးစီးဌာန၏ စားသုံးသူကာကွယ်ရေးဥပဒပါ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ရောင်းချသည့်ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းများအကြောင်း၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူကလက်ခံသုံးစွဲနိုင်သော အရည်အသွေးရှိခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းစေခြင်း၊ ကုန်စည်၏အချိန်အတွယ် ပမာဏနှင့် အလေးချိန်မှန်ကန်မှုရှိခြင်း၊ အာမခံချက်ပေးထားသော ဖော်ပြမှုများနှင့်အညီ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်စေရေးစသည်တို့ကို ပုဒ်မ(၂၃)တွင်ဖော်ပြထားကြောင်း၊ စီးပွားရေးလုပ် ငန်းရှင်က စားသုံးသူအပေါ် အာမခံချက်ပေးထားသည့် ကာလ၊ အရည်အသွေးပြည့်မီအောင် ထုတ်လုပ် ခြင်း မပြုလျှင်ဖြစ်စေ၊ သတင်းအချက်အလက်ပြည့်စုံစွာ ဖော်ပြခြင်းမရှိလျှင်ဖြစ်စေ စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများကို ပုဒ်မ(၂၄) ပုဒ်မခွဲ(၄)ခုဖြင့် ဖော်ပြထားကြောင်း အကျယ်တဝင့်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
( DOCA ဧရာဝတီ)