
ပန်းတနော်မြို့နယ်တွင် ဆန်ဆိုင်များဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့တို့မှ မြို့နယ်အတွင်း၌ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ စစ်ဆေးဆောင်ရွက်ရာတွင် ကျိုက်ထိုမြို့နယ်အတွင်းရှိ ဆန်သိုလှောင်ထားသောဂိုဒေါင်များနှင့်ဆန်ဆိုင်ကြီးများတွင် ဆန်အမျိုးအစားအလိုက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/ မရှိစစ်ဆေးခြင်း၊ စျေးနှုန်းမြှင့်တင်ရောင်းချခြင်းအလို့ငှာ ဆန်များသိုလှောင်ထားမှုရှိ/ မရှိတို့ကို စစ်ဆေးခြင်း၊ MRFမှ ဇွန်လအတွင်းထုတ်ပြန်ထားသော ရည်ညွှန်းဈေးအပေါ် ၈ရာခိုင်နှုန်း အမြတ်တင်၍ သတ်မှတ်ဈေးအတွင်းရောင်းချရန်တို့ကို အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းသွားရောက်စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများမှ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)