
မွန်ပြည်နယ်သည် မြစ်ဝကျွန်းပေါ်ဒေသ၊ ကမ်းရိုးတန်းဖြစ်သောကြောင့် ပင်လယ်ငါး၊ ရေချို၊ ရေငံငါးများ ပေါများသည်။ ပင်လယ်ကမ်းဝေးကမ်းနီး စက်လှေနှင့် တစ်နိုင်လုပ်စားကြသောငါးလှေတို့မှ ရရှိသည့်ငါးများကို မော်လမြိုင်ဒေသ ငါးဒိုင်သွင်း၍ ငါးမျိုးစုံကို လက်လီ/လက်ကား အရောင်းအဝယ် ရှိသည်။
၂၀၂၅ ခုနှစ်၊ ဇွန်လ (ဒုတိယပတ်)တွင် ရေထွက်ငါး ဈေးနှုန်းအခြေအနေမှာ ငါးတန် တစ်ပိဿာလျှင် ကျပ် ၇၅၀၀၊ ငါးခုံးမ တစ်ပိဿာလျှင် ကျပ် ၆၄၀၀၊ ငါးကြင်း တစ်ပိဿာလျှင် ကျပ် ၈၃၀၀၊ ငါးကြင်းဖြူ (ဗိုက်ခွဲ)တစ်ပိဿာလျှင် ကျပ် ၁၅၃၀၀၊ ပါကူး တစ်ပိဿာလျှင် ကျပ် ၇၃၀၀၊ တီလားပီးယား တစ်ပိဿာလျှင် ကျပ် ၁၂၀၀၀၊ ပလာတူး တစ်ပိဿာလျှင် ကျပ် ၄၈၀၀၊ ပလာလန်း တစ်ပိဿာလျှင် ကျပ် ၈၀၀၀၊ ရွှေငါး တစ်ပိဿာလျှင် ကျပ် ၆၂၀၀၊ ငါးမုတ်မဲ တစ်ပိဿာလျှင် ကျပ် ၁၃၅၀၀၊ ငါးကွမ်းရှပ် တစ်ပိဿာလျှင် ကျပ် ၁၆၀၀၀၊ ငါးရွှေကြီး တစ်ပိဿာလျှင် ကျပ် ၁၅၅၀၀ ဖြစ်ကြောင်း ငါးဒိုင်မှ သိရှိရသည်။
DOCA (မွန်)