“မိတ္ထီလာမြို့ပေါ်ရှိ ဆေးနှင့် ဆေးပစ္စည်းဆိုင်များသို့ ရှောင်တခင် ဝင်ရောက်စစ်ဆေးခြင်း’’

Powered by Drupal

             စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် (၂၂.၇.၂၀၂၂) ရက်နေ့ (၁၀:၀၀) အချိန်တွင် မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံနှင့်အဖွဲ့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ခရိုင်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်နှင့်ပူးပေါင်းအဖွဲ့တို့သည်  မိတ္ထီလာမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များသို့ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေ‌ရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေ‌‌ရေးအတွက် ရှောင်တခင်စစ်ဆေးခြင်းကို ရွက်ခဲ့ပါသည်။

          ဆေးဆိုင်များတွင် ဆေးဝါးလိုင်စင်များရှိ/မရှိနှင့် တရားမဝင်ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှု ရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ၊ Bell Plus ပလာစတာမှာ ထုတ်လုပ်သည့်နိုင်ငံ၊ ထုတ်လုပ်တင်သွင်းသည့် ကုမ္ပဏီ၊ ဆေးဝါးမှတ်ပုံတင်အမှတ်နှင့် Import Registeration No (IR) များ ဖော်ပြထားခြင်းမရှိပဲ စျေးကွက်အတွင်း ရောင်းချလျက်ရှိနေခြင်း၊ မြန်မာနိုင်ငံတွင် မှတ်ပုံထားခြင်းမရှိပဲ Online ပေါ်တွင် ရောင်းချနေသည့် ထိုင်းနိုင်ငံမှ သုံးစွဲရန်မသင်းထုတ်ပြန်ထားသော ရသေ့ဆေး (သို့) ထိုင်း တိုင်းရင်းဆေးသည် စားသုံးသူများသုံးစွဲမိပါက ဘေးအန္တရာယ်ဖြစ်စေနိုင်သည့်အတွက် ရောင်းချခြင်းမရှိစေရေး ယခုလို စစ်ဆေးရခြင်းဖြစ်ကြောင်း အသိပေးရှင်းလင်းပြောကြားခဲ့ပြီး ဆေးအရောင်းဆိုင်ပိုင်ရှင်များအနေဖြင့် Up Date ဖြစ်သောဆေးများ ၊ ကုန်အညွှန်းအမှတ်အသားနှင့်ပြည့်စုံသောကုန်ပစ္စည်းများနှင့် တရားဝင်မှတ်ပုံတင်ထားသော ဆေးဝါးများကိုသာ ဆိုင်တင်ရောင်းချရန် အသိပညာပေးခဲ့ပါသည်။

DOCA(မန္တလေး)