ပခုက္ကူဈေးကွက်၌ အာလူးဈေးတက်ပြီး အရောင်းအဝယ်ဖြစ်နေ

Powered by Drupal

       မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ ကုန်စိမ်းသီးနှံဈေးကွက်သို့ ရှမ်းပြည်နယ် အောင်ပန်းနှင့် ပေါက်ဒေသထွက် အာလူးများ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ အာလူးသီးနှံသည် ပြည်သူအများ စားသုံးမှုမြင့်မားလျက်ရှိပြီး စားဖိုဆောင်သီးနှံအဖြစ် စားသုံးမှု အပြင် ဒေသတွင်းကုန်ကြမ်းအာလူးသီးနှံမှတစ်ဆင့် တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် အာလူးကြော် ထုတ်လုပ်မှုလုပ်ငန်းများလည်း တွင်ကျယ်စွာ ဆောင်ရွက်လျက်ရှိ၍ အာလူးသီးနှံမှာ ဒေသတွင်း သုံးစွဲမှုများ၍ အရောင်းအဝယ်သွက်လျက်ရှိကြောင်း ဈေးကွက်မှသိရသည်။

    ၂၀၂၅ ခုနှစ်၊ ဇွန်လ(ဒုတိယပတ်)တွင် အာလူးအလုံးအရွယ်အစားနှင့် အရည်အသွေးလိုက်၍ အာလူး(အလုံးကြီး)ရှယ် တစ်ပိဿာလျှင် ကျပ်(၆၀၀၀)၊ အာလူး(အလုံးလတ်) တစ်ပိဿာ လျှင် ကျပ်(၄၀၀၀)၊ အာလူး(အလုံးသေး) တစ်ပိဿာလျှင် ကျပ်(၃၀၀၀)ဈေးဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပြီး (ပထမပတ်)တွင် အာလူး(အလုံးကြီး)ရှယ် တစ်ပိဿာလျှင် ကျပ်(၅၀၀၀)၊ အာလူး (အလုံးလတ်) တစ်ပိဿာလျှင် ကျပ်(၄၀၀၀)၊ အာလူး(အလုံးသေး) တစ်ပိဿာလျှင် ကျပ်(၃၀၀၀) ဈေးဖြင့် အရောင်းအဝယ်ဖြစ်၍ ဈေးနှုန်းနှိုင်းယှဉ်ရမည်ဆိုလျှင် အာလူး တစ်ပိဿာလျှင် ကျပ် (၁၀၀၀)ခန့် ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ မိုးတွင်းကာလဖြစ်၍ လမ်းပန်း ဆက်သွယ်ရေးအခက်အခဲများကြောင့် ဈေးကွက်သို့ကုန်ဝင်ရောက်မှုနည်းပြီး ဝယ်ယူစားသုံးမှု မြင့်မားခြင်းကြောင့် ဈေးတက်ရခြင်းဖြစ်ကြောင်း  သိရသည်။

DOCA(မကွေး)