အနည်းငယ်မြှင့်တက်လာသော စက်သုံးဆီဈေးနှုန်းများ

Powered by Drupal

   ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် စက်သုံးဆီအရောင်းဆိုင်များ ပုံမှန်ပြန်လည်ဖွင့်လှစ် ရောင်းချနေကြပြီး ၂၀၂၅ခုနှစ်၊ ဇွန်လ (၁၃)ရက်နေ့တွင် ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းများမှာ Octane(92) တစ်လီတာလျှင် (၃၇၁၀)ကျပ်၊ Octane(95) တစ်လီတာလျှင် (၃၇၇၅)ကျပ်၊ ပရိမီယမ်ဒီဇယ် တစ်လီတာလျှင် (၃၂၇၀)ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာလျှင် (၃၈၅၀) ကျပ်ဖြင့် ရောင်းချနေကြောင်း သိရပါသည်။

    ယခင်တစ်ပတ်ဈေးနှုန်းများမှာ Octane(92) တစ်လီတာလျှင် (၃၇၀၅)ကျပ်၊ Octane(95) တစ်လီတာလျှင် (၃၇၅၅)ကျပ်၊ ပရိမီယမ်ဒီဇယ် တစ်လီတာလျှင် (၃၂၄၀)ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာလျှင် (၃၈၁၀) ကျပ်ဖြင့် ရောင်းချခဲ့ကြပြီး ဈေးနှုန်းများနှိုင်းယှဉ်ကြည့်လျှင် Octane(92) တစ်လီတာလျှင် (၅)ကျပ်၊ Octane(95)တစ်လီတာလျှင်(၂၀)ကျပ်၊ ပရီမီယမ်ဒီဇယ် တစ်လီတာလျှင်(၃၀)ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ လျှင်(၄၀)ကျပ်စီဖြင့် အနည်းငယ်မြှင့်တက်လာကြောင်း စက်သုံးဆီရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(ကယား)