မြို့မဈေးတွင် ရောင်းချလျက်ရှိသော ဟင်းသီးဟင်းရွက်များ

Powered by Drupal

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများ ဖြစ်သည့် စပါး၊ပဲမျိုးစုံနှင့် ဆီထွက်သီးနှံတို့ကို အဓိကစိုက်ပျိုးသည့်အပြင် ရာသီစာသီးနှံများနှင့် စားဖိုဆောင်သီးနှံများကိုလည်း စိုက်ပျိုးကြသည်။

ယခုအခါ ကန့်ဘလူမြို့ပေါ်၊ နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများတွင် နံနံပင်များ ကိုစိုက်ပျိုးကြကြောင်း၊ ဟင်းသီးဟင်းရွက်များကို ကန့်ဘလူမြို့မဈေးတွင်ရောင်းချကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဇွန်လ ဒုတိယပတ်အတွင်း နံနံပင်(၁)စည်းလျှင်(၃၀၀)ကျပ်၊ နံနံပင်(၃)စည်းလျှင် (၈၀၀) ကျပ်နှင့် နံနံပင်(၇)စည်းလျှင် (၂၀၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ဒုတိယပတ်အတွင်း ပင်စိမ်းရွက် (၁)စည်းလျှင် (၃၀၀)ကျပ်၊ ပင်စိမ်းရွက် (၂)စည်းလျှင်(၅၀၀)ကျပ်နှင့် ပင်စိမ်းရွက် (၅)စည်းလျှင် (၁၂၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ဒုတိယပတ်အတွင်း ဖက်ဖယ်ရွက် (၁)စည်းလျှင် (၃၀၀)ကျပ်၊ ဖက်ဖယ်ရွက် (၃)စည်းလျှင် (၈၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ဇွန်လ ဒုတိယပတ်အတွင်း ဟင်းနုနွယ် ရွက်(၂၅)ကျပ်သားပါ (၁)ထုပ်လျှင်(၅၀၀)ကျပ်နှင့် ဟင်းနုနွယ်ရွက်(၁)ပိဿာပါ(၁)ထုပ်လျှင် (၂၀၀၀) ကျပ်ဖြင့် ရောင်းချကြောင်း မြို့မဈေးရှိ ကုန်စိမ်းရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

Doca(စစ်ကိုင်း)