
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် မိုးရွာသွန်းမှုနှင့်အတူ သဘာဝဟင်းသီးဟင်းရွက်များ၊ ရာသီပေါ်စိုက်ပျိုးရေး ဟင်းသီးဟင်းရွက်များ ပေါများစွာရောင်းချနေသည် ကို ကန့်ဘလူမြို့မဈေးအနှံ မြင်တွေ့နေရပြီး တစ်နှစ်မှာတစ်ခါ မိုးရာသီအတွင်းမှာသာ တွေ့ရသည့် တစောင်းဖူးများလည်း ရောင်းချနေကြောင်း သိရှိရသည်။
တစောင်းပင်သည် အိမ်ခြံစည်းရိုး၊ ယာခင်းခြံစည်းရိုးများတွင် ပေါက်ရောက်လေ့ရှိသည့် ကန္တာရဆူးပင် အမျိုးအစားဖြစ်ပြီး မိုးဦးကျပြီဆိုရင် တစောင်းပင်မှာ အဖူးများထွက်လာကြောင်း၊ တစောင်းဖူးကို ကြော်ချက်စားမယ်ဆိုရင် ဦးစွာ အဖူးကို ထက်ခြမ်းခွဲပြီး အထဲကဝတ်ဆံနှင့် ပွင့်ချပ် တို့ကိုဖယ်ပစ်ရကြောင်း၊ ကန့်ဘလူမြို့မဈေးတွင် တစောင်းဖူး (၁၀)ကျပ်သားလျှင် (၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၂၅၀၀)ကျပ်နှင့် (၁)ပိဿာလျှင် (၄၅၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်း၊ ရှားပါသည့် ရာသီပေါ်အစားအစားဖြစ်သည့်အတွက် အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)