ဟင်္သာတမြို့နယ် အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်းတွင် ကျောင်းမုန့်ဈေးတန်းစစ်ဆေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ် ဇွန်လ (၁၁)ရက်နေ့ နေ့လယ်(၁၂:၀၀) နာရီအချိန်တွင် ဟင်္သာတမြို့နယ်၊ ဆင်းဧကရီလမ်း၊ ဥယျာဉ်မြောက်ရပ် ကွက်ရှိ အမှတ်(၃)၊အခြေခံပညာအလယ်တန်းကျောင်း၊ ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချသော မုန့်ဆိုင်များအားဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

            ထိုသို့ဆောင်ရွက်ရာတွင် ကျောင်းဈေးတန်းတွင်ရောင်းချသော မုန့်များတွင် ရက်လွန်ခြင်း၊ မှိုတက်ခြင်းများ ရောင်းချမှုရှိ/မရှိ၊ တားမြစ်ဆိုးဆေးသုံးစွဲထားသော မုန့်များရောင်းချမှုမရှိစေရေးနှင့်  စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်းရှိ/ မရှိ၊ သတ်တမ်းလွန်ကုန်စည်များ ရောင်းချခြင်းရှိ/ မရှိခြင်းတို့ကို စစ်ဆေးခဲ့ပြီး၊ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန် ကြော်ငြာထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချကြရန်ဖြစ်ကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသောကုန်စည်များကိုသာ ရောင်းချရန် စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)