
(၁၁.၆.၂၀၂၅)ရက်နေ့ နေ့လယ်(၀၁:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၄)ဦးတို့သည် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ Ocean Super Center သို့ ဆန်အရောင်းကောင်တာ၌ ဆန်ရောင်းချမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ ပါသည်။
ထိုသို့ဆောင်ရွက်ခဲ့ရာတွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ Ocean Super Center မှ တာဝန်ခံမှ ပူးပေါင်းလျက် ရောင်းချနေသော ဆန်အမျိုးအစား၊ အမှတ်တံဆိပ်တို့၏ (kg) ဆန်ဈေးနှုန်းများကို သတ်မှတ်ထားသော ဈေးနှုန်းများအတိုင်း ရောင်းချသွားရန် ဈေးကစားရန်အလို့ငှာ ဆန်များသိုလှောင်ထားခြင်းမပြုရန် လိုက်နာမှုမရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး တာဝန်ခံအား စီးပွားရေးလုပ်ငန်းရှင်၏ လိုက်နာရမည့်အချက်များကို အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)