“မိတ္ထီလာခရိုင် မလှိုင်မြို့နယ်အတွင်းရှိ စားသုံးဆီဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း’’

Powered by Drupal

           စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်း‌‌‌ဒေသကြီး၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူး၏လမ်းညွှန်ချက်ဖြင့် မလှိုင်မြို့နယ်တာဝန်ခံ ဦးရဲမြင့်ဆန်းသည် (၂၀.၇.၂၀၂၂) ရက်နေ့ နံနက် (၁၀း၀၀) နာရီချိန်တွင် မြို့နယ်စည်ပင်သာယာ‌ရေးအဖွဲ့၊ အုပ်ချုပ်ရေးမှူးနှင့်ပူးပေါင်း၍ အမှတ် (၁) ရပ်ကွက် နယ်မြေ(၇)ရှိ စားသုံးဆီရောင်းချနေသောဆိုင်များသို့  ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

            စစ်ဆေးရာတွင် စားသုံးဆီ‌ရောင်းချနေသော စီးပွားရေးလုပ်ငန်းရှင်များသို့ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် ကုန်စည်၏အရည်အသွေး၊ အချိန်အတွယ်ပမာဏနှင့် အလေးချိန်မှန်ကန်မှုရှိစေရန် အရည်အသွေးပြည့်မှီမှန်ကန်သည့် ပစ္စည်းများရောင်းချမှုနှင့်ပတ်သက်၍ ကုန်အညွှန်းအမှတ်သားဖော်ပြရာတွင် ဟင်းသီးဟင်းရွက်ဆီ(စားအုန်းဆီ)၊ ဟင်းသီးဟင်းရွက်ဆီ(အဆင့်မြင့်စားအုန်းဆီ)ဟူ၍ ပါရှိပြီး အလေးချိန်မှာ ပိဿာ၊ ကျပ်သားတို့ကို မြန်မာဘာသာဖြင့် ဖော်ပြပါရှိသော ဆီကိုသာရောင်းချရန် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ကွင်းဆင်းရာတွင် လက်လီ/လက်ကားဆီဆိုင်ကြီ း(၃) ဆိုင်နှင့် လက်လီဆိုင် (၂) ဆိုင်တို့အား ဆွေးနွေးခဲ့ကြောင်း းသိရပါသည်။

DOCA(မန္တလေး)