ရွှေဖြူးမြေမှ သီးမွှေးငှက်ပျောဈေးကွက်

Powered by Drupal

                   တောင်ငူခရိုင် ဖြူးမြို့နယ်တွင် သီးမွှေးငှက်ပျော၊ ဖီးကြမ်းငှက်ပျောနှင့် ရခိုင်ငှက်ပျောများကို စိုက်ပျိုးကြရာတွင် ဈေးကွက်အတွင်း သီးမွှေးငှက်ပျောမှာ ဈေးကောင်းရလျှက်ရှိပါသည်။ ငှက်ပျောသီးကို စားသုံးမှုအတွက်သာမကဘဲ မြန်မာ့ယဉ်ကျေးမှုအရ ဘုရားပွဲ၊ နတ်ပွဲများတွင်လည်း အသုံးပြုကြ သဖြင့် ဈေးကွက်ခိုင်မာသော သစ်သီးဝလံတစ်မျိုးဖြစ်ပါသည်။

              ဖြူးမြို့နယ် အနောက်ပိုင်းရှိ ပဲခူးရိုးမတောင်ယာတွင်စိုက်ပျိုးသော သီးမွှေးငှက်ပျောသီးမှာ ဒေသတွင်းသာမက အခြားမြို့ရွာများအထိ နာမည်ရသော သစ်သီးဝလံတစ်မျိုးဖြစ်ပါသည်။ ဒေသခံများအနေဖြင့် အခြားဒေသမှမိတ်ဆွေ သင်္ဂဟများအား လက်ဆောင်ပေးရာတွင် သီးမွှေး ငှက်ပျောသီးမှာ မျက်နှာပန်းလှသော သီးနှံတစ်မျိုးဖြစ်ပါသည်။

              ဖြူးမြို့ပေါ်ရှိ ငှက်ပျောဆိုင်များတွင် ရောင်းချနေသော သီးမွှေးငှက်ပျောသီးဈေးနှုန်းမှာ အသေးတစ်ဖီးလျှင် ၁၅၀၀ ကျပ်၊ အလတ်တစ်ဖီးလျှင် ၂၀၀၀ ကျပ်နှင့် အကြီးတစ်ဖီးလျှင် ၂၅၀၀ ကျပ် အသီးသီးရှိကြောင်း ငှက်ပျောဆိုင်ပိုင်ရှင် ဒေါ်လှလှဝင်း၏ပြောပြချက်အရ သိရှိရပါသည်။

DOCA(ပဲခူး)