ပါကစ္စတန်ဗဟိုဘဏ်၏ Forex အရန်ငွေသည် ဒေါ်လာ ၁၆၇ သန်းမြင့်တက်လာ

Powered by Drupal

 

          ပါကစ္စတန်နိုင်ငံတော်ဗဟိုဘဏ် (SBP) ၏ နိုင်ငံခြားငွေ လဲလှယ်‌‌‌ရေးအရန်ငွေသည် အမေရိကန်‌ဒေါ်လာ ၁၆၇ သန်းမြင့်တက်လာခဲ့ကြောင်း ဗဟိုဘဏ်က ဇွန်လ ၁၂ ရက်နေ့တွင် ထုတ် ပြန်ခဲ့သည်။ ဇွန် ၆ ရက်နေ့ကကုန်ဆုံးခဲ့သည့် ရက်သတ္တပတ်အတွင်း SBP ၏ စုစုပေါင်း နိုင်ငံခြားငွေအရန်‌ငွေမှာ ဒေါ်လာ ၁၁.၆၈ ဘီလီယံခန့် ရှိကြောင်း ထုတ်ပြန်ချက် တွင်ဖော်ပြထား သည်။

          ကူးသန်း‌ရောင်းဝယ်ရေးဘဏ်များမှ သိမ်းဆည်းထားသောအသားတင်နိုင်ငံခြား အရန်‌ငွေ မှာ ကန်‌ဒေါ်လာ ၅.၂၀ ဘီလီယံခန့်ရှိကြောင်းသိရသည်။ ပါကစ္စတန်နိုင်ငံမှ ပိုင်ဆိုင်သည့် နိုင်ငံ ခြားအရန်‌ ‌‌ငွေစုစုပေါင်းသည် ခန့်မှန်းခြေအားဖြင့် ဒေါ်လာ ၁၆.၈၈ ဘီလီယံရှိကြောင်းဘဏ်၏ ပြောကြားချက် အရသိရသည်။

Source: Xinhua

DOCA(ရန်ကုန်)