ရွှေဘိုမြို့ ကုန်းဘောင်ဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

Powered by Drupal

   ရွှေဘိုမြို့ အမှတ်(၁၀)ရပ်ကွက်ရှိ ကုန်းဘောင်ဈေးတွင် ဇွန်လ တတိယပတ် တွင် ဖြစ်ပေါ်ခဲ့သော သစ်သီးဝလံ ပန်းသီးတစ်လုံးလျှင် (၁၅၀၀)ကျပ်မှ (၃၅၀၀)ကျပ်ထိ၊ ပန်းသစ်တော်သီး တစ်ပိဿာလျှင် (၃၅၀၀)ကျပ်၊ တောပန်းသီးကျွတ် တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်၊ ဆားတောင်မြို့ နှင့် ရွှေပန်းကုန်းရွာမှ ထွက်ရှိသည့် ငှက်ပျောသီး ဖီးကြမ်း တစ်ဖီးလျှင်(၂၀၀၀)ကျပ်မှ (၂၈၀၀)ကျပ်၊သီးမွှေး ငှက်ပြောသီး တစ်ဖီးလျှင် (၂၅၀၀)ကျပ်မှ (၄၀၀၀)ကျပ်ထိ၊ ဖရဲသီး တစ်လုံးလျင် (၆၀၀၀)ကျပ်မှ (၁၅၀၀၀)ကျပ် ထိ၊  မာလကာသီး တစ်လုံးလျှင်(၄၀၀)ကျပ်မှ (၅၀၀)ကျပ်ထိ၊ဂျပန်သခွားသီး တစ်လုံးလျှင် (၁၅၀၀)ကျပ်၊ စပျစ်သီး တစ်ပိဿာလျှင် (၁၆၀၀၀)ကျပ်မှ (၂၀၀၀၀)ကျပ်၊ ဒူးရင်းသီး (ဗမာ)တစ်လုံးလျှင် (၁၃၀၀၀)ကျပ်မှ (၂၀၀၀၀)ကျပ်ထိ၊ဒူးရင်းသီး ချန်နီသီး (1kg)လျှင် (၃၅၀၀၀)ကျပ်၊ ပိန္နဲသီး တစ်လုံးလျှင် (၃၅၀၀)ကျပ်မှ (၈၀၀၀)ကျပ်ထိ၊ နောင်မွန် လိုက်ချီးသီး တစိပိဿာလျှင် (၁၅၀၀၀)ကျပ်၊ ထန်းကုန်းသရက်သီး တစ်လုံးလျှင် (၃၀၀)ကျပ်၊ မင်းကွတ်သီး တစ်လုံးလျှင် (၅၀၀)ကျပ်မှ (၇၀၀)ကျပ်ထိ၊နာနတ်သီး တစ်လုံးလျှင် (၁၅၀၀)ကျပ်၊ကြက်မောက်သီး တစ်ပိဿာလျှင် (၅၀၀၀)ကျပ်၊ ဆန်းကစ်သီး တစ်လုံးလျှင် (၂၅၀၀)ကျပ်ဖြင့် အသီးသီး အရောင်းအဝယ် ဖြစ်နေကြောင်း ကုန်းဘောင် ဈေးအတွင်း ရောင်းချသော သစ်သီးဆိုင်များမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)