
ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် သီရိမင်္ဂလာဈေးတွင် တိုင်း/ပြည်နယ်များမှ သစ်သီးများ အများဆုံးဝင်ရောက်ကြောင်း သိရှိရပြီး ဇွန်လ (၁၀) ရက်နေ့ မှ ဇွန်လ (၁၆) ရက်နေ့အထိ ဖြစ်ပေါ် ခဲ့သော သီပေါမှ နာနတ်သီး တစ်လုံး ကျပ် ၅၀၀/၁၀၀၀/၁၅၀၀/၂၀၀၀၊ ပြင်ဦးလွင်မှ နဂါးမောက်သီး ဂျပ်ဖာ ကျပ် ၃၀၀၀၀/၃၅၀၀၀၊ မော်လမြိုင်မှ ကြက်မောက်သီး ၁၀ လုံး ကျပ် ၂၀၀၀၊ ရေးမှ ဒူးရင်းသီး တစ်လုံး ကျပ် ၂၀၀၀၀/၁၆၀၀၀/၈၀၀၀ ၊ မော်လမြိုင် မှ ကျွဲကောသီး ကျပ် ၁၀၀၀၀/၇၀၀၀/၅၀၀၀၊ ပြင်ဦးလွင်မှ မင်းဂွတ်သီး တစ်သေတ္တာ ကျပ် ၆၀၀၀၀၊ အောင်ပန်းမှ လိမ္မော်သီး တစ်ပိဿာ ကျပ် ၇၀၀/၈၀၀၊ တပ်ကုန်းမှ ဖရဲသီး(ဘာဟုဘာလီ) အလုံးကြီး ကျပ် ၇၀၀၀.၅၀၀၀/၃၀၀၀၊ တိုက်ကြီးမှ မာလာကာသီး အိတ်တစ်အိတ် ၃၀၀၀၀ ကျပ်၊ ယိုးဒယားပန်းသီးတစ်သေတ္တာ ကျပ် ၁၅၀၀၀၀ ဘီးလင်းမှ ပိန္နဲသီး ကျပ် ၁၅၀၀၀/၁၀၀၀၀/၇၀၀၀၊ တိုက်ကြီးမှ သရက်သီး (ရင်ကွဲ) တောင်းတစ်တောင်း ကျပ် ၂၀၀၀၀/၁၅၀၀၀၊ ရှမ်းပြည်မှ သရက်သီး(စိန်တစ်လုံး) ဂျပ်ဖာ ကျပ် ၃၀၀၀၀/၂၅၀၀၀/၂၀၀၀၀ ရှိကြောင်း သစ်သီးဈေးနှုန်းများသည့် ဈေးနှုန်းမြင့်တက်မှုမရှိဘဲ ယခင် တစ်ပတ်နှင့် ယခုတစ်ပတ် ဈေးနှုန်းများ အနည်းငယ်သာပြောင်းလဲကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီး ဝလံပန်းမန် ဟင်းသီးဟင်းရွက်စိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း (MFVP) မှ သိရှိရပါသည်။
DOCA (ရန်ကုန်)