နန္ဒဝန်ဈေးသစ်ရှိ ခဝဲသီးဈေးနှုန်း

Powered by Drupal

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ရာသီပေါ်သီးနှံများ စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။ စိုက်ပျိုးထွက်ရှိသော သီးနှံများမှ ခဝဲသီး များကို မုံရွာမြို့၊ နန္ဒဝန်ဈေးသစ်တွင် လက်ရောက်ရောင်းချကြောင်း သိရှိရပါသည်။ ခဝဲသီးသည် အပွင့်မှာအဝါရောင်ရှိပြီး နှစ်စဉ်စိုက်ပျိုး၍ရသော အပင်မျိုးဖြစ်ပါသည်။ ခဝဲသီးဘေးတွင် ပါရှိသော အခွန်များကိုခွာ၍ ကြော်ချက်၍သော်လည်းကောင်း၊ ဟင်းချိုချက်၍သော်လည်း ကောင်း ချက်ပြုတ်၍ စားသောက်နိုင်ကြပါသည်။

          ၂၀၂၅ ခုနှစ်၊ ဇွန်လ တတိယအပတ်တွင် မုံရွာမြို့၊ နန္ဒဝန်ဈေးသစ်တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းမှာ ခဝဲသီးအကြီးတစ်တောင့်လျှင် (၈၀၀)ကျပ်မှ အသေးတစ်တောင့်လျှင် (၅၀၀) ကျပ် ရောင်းချနေကြောင်း ကုန်စိမ်းရောင်းသူများထံမှ သိရှိရပါသည်။

Doca(စစ်ကိုင်း)