မုံရွာမြို့ရှိ ရှောက်သီးဈေးနှုန်း

Powered by Drupal

မုံရွာမြို့၊ ပတ်ဝန်းကျင်ရှိ ဒေသခံများသို့ ရှောက်သီးပင်များကို မိမိတို့ အိမ်ခြံမြေ ဝန်များတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိကြပါသည်။ ရှောက်သီးပင်သည် နှစ်ရှည်သီးနှံ အပင်မျိုးဖြစ်ပြီး ဆေးဖက်ဝင်၍ အပိုဝင်ငွေရရှိသော အသီးတစ်မျိုး ဖြစ်ပါသည်။ရှောက်သီကို ထန်းလျက်တို့နှင့် ယိုပြုလုပ်ခြင်း၊ ဖျော်ရည်ပြုလုပ်ခြင်းဖြစ်လည်းကောင်း မိမိတို့ ကြိုက်နှစ် သက်ရာ အသုံးပြုနိုင်ပါသည်။ ရှောက်သီးသည် ဗီတာမင်ကြွယ်ဝစွာ ပါဝင်သော အသီးတစ်မျိုး ဖြစ်ပြီး မောပန်းခြင်းကို သက်သာစေပါသည်။ ရှောက်သီးကို သုပ်စားခြင်း၊ အသားငါးများ ဆေးကြောခြင်းနှင့် ချက်ပြုတ်ရာတွင်လည်း အသုံးပြုနိုင်ပါသည်။ မုံရွာမြို့ဈေးများတွင် ရှောက်သီးတစ်လုံးလျှင်၂၅၀ ကျပ်မှ ၃၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

Doca(စစ်ကိုင်း)