တောင်ငူမြို့သို့ ပြင်ဦးလွင်ဒေသမှ ပန်းထိမ်ငိုပန်းများစတင်ရောင်းချ

Powered by Drupal

           တောင်ငူမြို့ဈေးများရှိ ဘုရားပန်းဆိုင်များတွင် အခြားပန်းများနှင့်အတူ ပန်းထိမ်ငို ပန်းများကို ရောင်းချလျှက် ရှိနေပြီ ဖြစ်ပါသည်။ယခုအခါ ညောင်ပင်လေးဈေးသို့ ပြင်ဦးလွင်ဒေသမှ ပန်းထိမ်ငိုပန်းများ စတင်ရောင်းချနေပြီ ဖြစ်ပါသည်။

           ပန်းထိမ်ငိုပန်းသည် မိုးတွင်းကာလ၌ ပွင့်တက်သည့် ပန်းတစ်မျိုးဖြစ်ပါသည်။ ယခုမှ စတင် ဝင်ရောက်လာသော ပန်းများမှာ စတင်ပွင့်သည့်ကာလဖြစ်သဖြင့် အပွင့်ကြီးပါသည်။ ကာလကြာလျှင် အပွင့်များ သေးသွားကြောင်း သိရပါသည်။ ပန်းထိမ်ငိုပန်းတွင် အဖြူရောင်၊ခရမ်းရောင်၊ပန်းရောင် စသည်ဖြင့် အရောင်များ ရှိသည်။

ပန်းထိမ်ငိုပန်း အသေး ၁၀ ပင်ပါ  တစ်စည်းလျှင် ၄၅၀၀ ကျပ်၊ အကြီး ၁၀ ပင်ပါ တစ်စည်းလျှင် ၅၅၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိသည်။တောင်ငူမြို့နယ် ဝါးတီးကျေးရွာတွင် ပန်းထိမ်ငိုပန်းများ စိုက်ပျိုး သော်လည်း ယခုကာလတွင် အပွင့်ပွင့်ခြင်း မရှိသေးပါ။ ပန်းထိမ်ငိုပန်းများမှာ ပေါ်ဦးပေါ်ဖျားဖြစ်ပြီး တာရှည်ခံသဖြင့် ရောင်းအားကောင်းကြောင်း ညောင်ပင်ဈေးရှိ ဘုရားပန်းအရောင်းဆိုင်များမှ သိရှိရပါသည်။

DOCA(ပဲခူး)