
ကျန်းမာရေးအတွက် နှင်းသီး စားပေးသင့်သော အကြောင်းအရင်းလေးတွေကို ပြောပြပေးချင်ပါသည်။ အလုံးခပ်ကြီးကြီး နှင်းသီးကို တဂျွမ်းဂျွမ်းကိုက်စားရတာက လူတွေကို စိတ်ကျေနပ် ပျော်ရွှင်မှု ရစေပါသည်။ ဒါ့အပြင် အရည်ရွှမ်းပြီး ချိုမြိန်နူးညံ့တဲ့ နှင်းသီးတွေဟာ ကျန်းမာရေးကို များစွာ အထောက်အကူပြုတဲ့ သစ်သီးဝလံ တစ်မျိုးလည်း ဖြစ်ပါသည်။
နုနယ်ချိန်မှာ အစိမ်းနုရောင်ဖြစ်ပြီး ရင့်မှည့်လာချိန်မှာ တဖြည်းဖြည်းပန်းရောင် ခပ်ရင့်ရင့် အဆင်း ရှိလာတတ်ပါသည်။ခုလို ပူပြင်းလှတဲ့ နွေရာသီမျိုးမှာ အရည်ရွှဲရွှဲ အရသာရှိရှိ နှင်းသီးကို စားသုံးကြတာဟာ ရေဓာတ် မဆုံးရှုံးစေဖို့ အသုံးပြုသင့်လှတဲ့ နည်းလမ်းတစ်ခုလည်းဖြစ်ပါသည်။
အရှေ့တောင်အာရှ မျိုးရင်း စစ်စစ်ဖြစ်ပြီး အာဟာရဓာတ်တွေကြွယ်ဝစွာပါဝင်နေတဲ့ နှင်းသီးဟာ ရေဓာတ်အားဖြည့်ပေးတာ၊ ဆီးချိုကျစေတာနဲ့ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးတာ အပါအဝင် လူ့ကျန်းမာရေးကို အထောက်အကူပြုတဲ့အချက် ၁၄ ချက် အထိရှိတယ်လို့သိရပါသည်။
နှင်းသီးကို အစိမ်းအတိုင်းစားတာများပါသည်။ ဒါ့အပြင် တခြားနည်းလမ်းတွေနဲ့လည်း စားလို့ရပါသေးသည်။ တချို့ဒေသတွေမှာ ကိတ်မုန့်၊ မုန့် စတာတွေပြုလုပ်စားတာမျိုးအပြင် ငပိ၊ ငံပြာရည်တို့ဖြင့် သုပ်စားတာမျိုးလည်း ရှိပါသည်။ ဒါ့အပြင် သစ်သီးယိုအနေနဲ့လည်း ပြုလုပ် စားသုံး ကြပါသည်။
နှင်းသီးဟာ ကျန်းမာရေးကို အကျိုးပြုသလို စုံလင်စွာဖန်တီးမှီဝဲလို့ရတာမှန်ပေမယ့် ဘေးထွက်ဆိုးကျိုးတချို့လည်း ရှိနေပါသည်။ နှင်းသီးပင်ရဲ့ အရွက်၊ အစေ့နဲ့ အမြစ်တွေမှာ ဆိုင်ယာနိုက်အဆိပ် မြင့်မြင့်မားမားပါဝင်နေတာမို့ ဒီဟာတွေကိုတော့ ရှောင်ကျဉ်သင့်ပါသည်။
နှင်းသီးကို ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် ဧကအလိုက် စိုက်ပျိုးခြင်းမရှိသေးသော်လည်း နေအိမ်၊ ခြံဝန်းအတွင်း၌ စိုက်ပျိုးကြောင်းသိရသည်။ နှင်းသီးဈေးနှုန်းများအနေဖြင့် (၅)လုံး (၁၀၀၀)ကျပ်ဖြင့် ရောင်းချကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)