မင်းလှမြို့နယ်ရှိကြက်ဥ/ ဘဲဥဈေးနှုန်းများ

Powered by Drupal

            ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊မင်းလှမြို့နယ်အတွင်း ဇွန်လဒုတိယပတ်တွင် ဖြစ်ပေါ် နေသော မြို့မဈေးအတွင်း နေ့စဉ်လက်လီ ရောင်းဝယ်နေသော ကြက်ဥ/ဘဲဥအရောင်းဈေးနှုန်းများ မှာကြက်ဥ(အကြီး)တစ်လုံးလျှင် ၄၄၀/ကျပ်၊(အလတ်) ၄၂၀/ ကျပ်၊(အသေး)တစ်လုံးလျှင် (၃၈၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။

              ဘဲဥဈေးနှုန်းများမှာ(အကြီး)၆၅၀/ကျပ်၊ (အလတ်) ၆၀၀/ကျပ်၊(အသေး) ၅၅၀ ကျပ်တို့ဖြင့် ရောင်းချလျက်ရှိပါသည်။မိုးတွင်းကာလရောက်သော်လည်းငါးများလှိုင်လှိုင်မပေါ်သေးသည့်အချိန်ဖြစ်သဖြင့် တစ်နေ့လျှင် ရောင်းအားအခြေအနေမှာ (၂၅၀၀)လုံးမှ(၃၀၀၀)လုံးထိ ‌ရောင်းချပြီး အရောင်း အဝယ်အနည်းငယ်မြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)