ရာသီပေါ် ပန်းထိမ်ငိုပန်း ဈေးကွက်အခြေအနေ

Powered by Drupal

            မြင်းခြံမြို့အတွင်းသို့ ပြင်ဦးလွင်ဒေသမှထွက်ရှိသော ပန်းထိမ်ငိုပန်းများ ဈေးကွက်တွင် ဝင်ရောက်လာကြောင်း၊ မြင်းခြံမြို့၊ အေးမြသီတာဈေးရှိ ဘုရားပန်းရောင်းချသောဆိုင်များတွင် အခြားဘုရားပန်းများနှင့်အတူ ပန်းထိမ်ငိုပန်းများကိုလည်း ရောင်းချလျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဇွန်လ ဒုတိယပတ်တွင် ပန်းထိမ်ငိုပန်း (၁၀) ခက်ပါတစ်စီးလျှင် (၃၀၀၀-၃၅၀၀) ကျပ်ဖြင့် ရောင်းချ လျှက်ရှိကြောင်း၊ အပွင့်အခက် အကြီး၊ အသေး၊ လတ်ဆတ်မှုအပေါ်တွင်မူတည်၍ ဈေးနှုန်းများကွာခြားကြောင်း၊ ပန်းထိမ်ငိုပန်းများသည် ဘုရားပန်းထိုးရာတွင် ရက်ကြာရှည်ခံသဖြင့် လှပသောကြောင့် ဈေးကွက်တွင် လူကြိုက်များပြီး အရောင်းသွက်ကြောင်း၊ ပေါ်ဦးပေါ်ဖျားရာသီချိန်ထွက် ပေါ်ကာစဖြစ်သောကြောင့် ဈေးကွက်တွင် ပန်းထိမ်ငိုပန်းများပေါများစွာ ရောင်းချမှုမရှိသေးကြောင်း၊ လာမည့်(ဇူလိုင်လ-ဩဂုတ်လ)တို့တွင် ပန်းထိမ်ငိုပန်းများ ဈေးကွက်တွင် လှိုင်လှိုင်ပေါ် ထွက်လာမည်ဖြစ်ကြောင်း ပန်းရောင်းချသူတစ်ဦး၏ ပြောပြချက်အရသိရှိရသည်။ ပန်းထိမ်ငိုပန်းမျိုးတွင် တစ်ထပ်ပန်း၊ နှစ်ထပ်ပန်းနှင့် သုံးထပ်ပန်း ဟူ၍သုံးမျိုးရှိကြောင်း၊ ပန်း၏အရောင်မှာ မရမ်းရောင်နှင့် အဖြူရောင်တို့ရှိကြောင်း၊ အအေးပိုင်းဒေသများတွင်‌ အောင်မြင်ဖြစ်ထွန်းပြီး၊ သဘာဝအလျောက် တောတောင်များတွင်လည်းပေါက်ရောက်ကြောင်း စိုက်ပျိုးရန်အတွက် စိုထိုင်းဆများပြီး အရိပ်ရသောနေရာများ ကိုနှစ်သက်ကြောင်း၊ အပူပိုင်းဒေသများတွင် ဆောင်းဦးရာသီ၌ စိုက်ပျိုးကြကြောင်း စနစ်တကျစိုက်ပျိုးပါက စီးပွားဖြစ်စိုက်ပျိုး ထုတ်လုပ်နိုင်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)