
စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းမျာ ဆောင်ရွက်လျက်ရှိသလို စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန် များ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေများကို လေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိသည့် ကြက်ဥ၊ ဘဲဥများကို ကန့်ဘလူမြို့ရှိ လက်လီ/လက္ကားဒိုင်များနှင့် မန္တလေးမြို့မှ ဝင်ရောက်လျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဇွန်လ တတိယ ပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ကြက်ဥအလုံးကြီး(၁)လုံးလျှင် (၅၅၀)ကျပ်၊ အလုံးသေး(၁)လုံး လျှင် (၅၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ဇွန်လ တတိယပတ်အတွင်း ဘဲဥ(၁)လုံးလျှင် (၇၀၀)ကျပ် ဖြင့်ရောင်းချကြောင်း၊ ကြက်ဥကို မုန့်လုပ်ငန်းများ၊ လဖက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များနှင့် အိမ်ရှင်မများက ဝယ်ယူအသုံးပြုလျက်ရှိကြောင်း လက်လီ/လက္ကားရောင်းချသည့် လုပ်ငန်းရှင်များ ထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)