
၂၀၂၅ ခုနှစ်၊ ဇွန်လတတိယပတ်အတွင်း ကန့်ဘလူမြို့ရှိ သစ်သီးဆိုင်များတွင် ရောင်းချ လျက်ရှိသော ဒေသထွက်ငှက်ပျောသီးဈေးနှုန်းများမှာ အလုံးအကြီးအသေးပေါ်မူတည်၍ ဖီကြမ်းသီး အလုံးလှ(၁)ဖီးလျှင် ၃၅၀၀ကျပ်၊ အလုံးအသေး(၁)ဖီးလျှင် ၂၅၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ စပျစ်သီး (၁)ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၅၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ပန်းသစ်တော်သီး ဈေးနှုန်းများမှာ ပန်းသစ်တော်သီး(၄)လုံးလျှင် (၁၀၀၀၀)ကျပ်၊ ပန်းသစ်တော်သီး(၁)လုံးလျှင် (၃၀၀၀)ကျပ်နှင့် အလုံးသေးလျှင် (၂၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ သစ်သီးဆိုင်များတွင် ပန်းသီးအလုံး ကြီး(၁)လုံးလျှင် (၃၅၀၀မှ ၄၅၀၀)ကျပ်၊ ပန်းသီးအလုံးသေး(၃)လုံးလျှင် (၁၀၀၀၀)ကျပ်ဖြင့် ရောင်းချ လျက်ရှိကြောင်း၊ ဖရဲသီးအလုံးကြီး(၁)လုံး လျှင် (၆၀၀၀)ကျပ်၊ ဖရဲသီးအသေး(၁)လုံးလျှင် (၄၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ လိမ္မော်သီး (၂၅)ကျပ်သားလျှင် (၅၅၀၀)ကျပ်၊ လိမ္မော်သီး(၁)ပိဿာလျှင် (၂၀၀၀၀မှ ၂၂၀၀၀)ကျပ်ဖြင့် ရောင်းချ လျက်ရှိကြောင်း၊ သခွားမွှေးအလုံးကြီး(၁)လုံးလျှင် (၅၀၀၀)ကျပ်၊ သခွားမွှေးအသေး(၁)လုံးလျှင် (၄၀၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ယခုပတ်အတွင်း သစ်ခွားမွှေးသီးများ အဝင်နည်းလာကြောင်း၊ စိန်တလုံးသရက်သီးမှည့် အကြီးတစ်လုံးလျှင် (၅၀၀)ကျပ်၊ (၅)လုံး လျှင်(၂၀၀၀)ကျပ်နှင့် အလုံးသေး(၆)လုံးလျှင်(၁၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ နာနတ်သီးတစ်လုံးလျှင် (၂၀၀၀မှ ၃၀၀၀)ကျပ်၊ ဇွန်လ တတိယပတ်အတွင်း မြစ်ကြီးနားသီးတစ်လုံးလျှင် (၃၅၀၀မှ ၄၀၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ R2E2သရက်သီးမှည့် အကြီးတစ်လုံးလျှင် (၁၆၀၀)ကျပ်နှင့် အလုံး သေး(၁)လုံးလျှင် (၁၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)