မြိတ်မြို့၏ ဘိလပ်မြေစျေးနှုန်း

Powered by Drupal

     တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွက် အိမ်ဆောက်ပစ္စည်းဖြစ်သော ဘိလပ်မြေများကို ‌ရေလမ်းမှတစ်ဆင့် အများဝယ်ယူလျက်ရှိပြီး စျေးအနည်းငယ်မြင့်တက်သွားကြောင်း သိရှိရပါသည်။ မိုးရာသီဖြစ်သောကြောင့်လည်းကောင်း သယ်ယူပို့ဆောင်ရေးခက်ခဲမှုများကြောင့်လည်းကောင်း ရေလမ်းခရီဖြင့်သယ်ယူပို့ဆောင်နေသော ဘိလပ်မြေများ ဝင်ရောက်ရန်ကြာမြင့်နေကြောင်း သိရှိရပါသည်၊ မြိတ်မြို့အတွင်း ပစ္စည်းဝင်ရောက်မှုနည်းပါလာသောကြောင့် ဘိလပ်မြေ စျေးနှုန်းများအနည်းငယ်မြင့်တက်သွားကြောင်း သိရှိရပါသည်။ ယခင်မေလများတွင် ဆင်နီ(ထိုင်း) ဘိလပ်မြေတစ်အိတ်လျှင် (၃၁၀၀၀)ကျပ် ရှိရာမှ ယနေ့ဇွန်လတွင် ဆင်နီ(ထိုင်း) ဘိလပ်မြေ တစ်အိတ်လျှင် (၃၁၇၀၀)ကျပ်သို့ စျေးနှုန်းအနည်းငယ်မြင့်တက်လာကြောင်း သိရှိရပါသည်။ မြိတ်မြို့အတွင်း သုံးစွဲနေသော ဘိလပ်မြေထဲမှ alphaဘိလပ်မြေနှင့် ကြံ့ဘိလပ်မြေများသည် ပစ္စည်းနည်းပါနေပြီး ရက်အနည်းငယ်အကြာတွင် ပြန်လည်ဝင်ရောက်မည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)