ထားဝယ်မြို့ရှိ ခရမ်းချဉ်သီးစျေးနှုန်း

Powered by Drupal

       နေ့စဉ် လူတို့ချတ်ပြုတ်စားသောက်ရာတွင် စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သော ခရမ်းချဉ်သီးသည် တစ်မျိုးအပါအဝင်ဖြစ်ပါသည်။ ထားဝယ်မြို့၊ စည်ပင်သာယာစျေးကြီး၊ ကမ်းနားပျံကျစျေးနှင့် အခြားရပ်ကွက်စျေးများတွင် ရောင်းချလျက်ရှိသော ခရမ်းချဉ်သီးများကို ရန်ကုန်၊ မန္တ‌လေးပွဲရုံများမှ ဝယ်ယူရောင်းချကြပြီး ယခုအခါတွင် ခရမ်းချဉ်သီးသည် ရောင်းအားကောင်းလျက်ရှိပါသည်။

     စျေးကွက်အတွင်း ထားဝယ်ဒေသမှထွက်ရှိသော ခရမ်းချဉ်သီးများလည်း များပြားလာသဖြင့် ယခင်ပတ်‌စျေးနှုန်းများနှင့် နှိုင်းယှဉ်ပါကလည်း စျေးနှုန်းအနည်းငယ်တည်ငြိမ်လျက်ရှိပြီး ယခုစျေးနှုန်းအရ ခရမ်းချဉ်သီးတစ်ပိဿာလျှင် ကျပ်(၂၈၀၀) ကျပ်ရှိပြီး စျေးနှုန်းအနည်းငယ် တည်ငြိမ်လျက်ရှိပါသည်။

DOCA(တနင်္သာရီ)