မုံရွာမြို့နယ်တွင် ခရမ်းချဉ်သီးဈေးနှုန်း အနည်းငယ်ကျဆင်း

Powered by Drupal

              မုံရွာမြို့နယ်အတွင်း ခရမ်းချဉ်သီးကို မိုးဦးနှင့် မိုးနှောင်းကာလများတွင် ဒေသအတွင်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြပါသည်။ ခရမ်းချဉ်သီးသည် အပူပိုင်းဒေသနှင့် သမနွေပိုင်းဒေသတို့တွင် ကောင်းမွန်စွာ စိုက်ပျိုးဖြစ်ထွန်းသည်။

          ယခုအချိန်တွင် ဒေသတွင်းခရမ်းချဉ်သီးပေါ်သည့် ရာသီချိန်မဟုတ်သည့်အတွက် ဒေသတွင်း ထွက်ကုန်မရှိသောကြောင့် ရှမ်းပြည်နယ်၊ အင်းလေး၊ အောင်ပန်းတို့ဘက်မှ ခရမ်းချဉ်သီးများကို ဝယ်ယူရောင်းချလျှက် ရှိကြောင်းသိရသည်။ ဇူလိုင်လတွင် ခရမ်းချဉ်သီးများ လှိုင်လှိုင်ဝင်ရောက် လျက်ရှိပြီး မုံရွာမြို့နယ်အတွင်းဖြစ်ပေါ်နေသော ခရမ်းချဉ်သီးဈေးနှုန်းများမှာ ဇူလိုင်လ ဒုတိယ အပတ်တွင် ခရမ်းချဉ်သီး တစ်ပိဿာလျှင် ကျပ် ၁၀၀၀-၁၂၀၀ မှ ဇူလိုင်လ တတိယအပတ်တွင် ကျပ် ၅၀၀-၇၀၀ အထိ ဈေးနှုန်းကျဆင်းခဲ့ကြောင်းနှင့် ဈေနှုန်းကျဆင်းရခြင်းမှာ ဒေသတွင်းထွက်ကုန်မရှိ သော်လည်း ဈေးကွက်အတွင်းသို့ အခြားဒေသများမှ ခရမ်းချဉ်သီးများ လှိုင်လှိုင်ဝင်ရောက်လာ၍ ဖြစ်ကြောင်း ခရမ်းချဉ်သီးပွဲရုံများထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)