
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ပေါ်တွင် မန်ကျည်းသီးမှည့်များ ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး အဓိကအားဖြင့် ယောနယ်ဒေသများနှင့် ကျောက်ပန်းတောင်းမြို့၊ ဆိပ်ဖြူမြို့၊ မြိုင်၊ ကမ္မနှင့် မြစ်ခြေမြို့များမှ ထွက်ရှိ၍ နေ့စဉ်ဝင်ရောက်အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။
၂၀၂၅ခုနှစ်၊ ဇွန်လ(ဒုတိယပတ်)တွင် မန်ကျည်းသီးများ ဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ မန်ကျည်းသီးမှည့် အစေ့ပါ လက်ကားတစ်ပိဿာလျှင် ကျပ်(၃၆၀၀-၃၅၀၀)၊ အစေ့ လွတ် တစ်ပိဿာလျှင် လက်ကားဈေး ကျပ်(၇၀၀၀-၆၅၀၀)၊ လက်လီဈေး ကျပ်(၉၀၀၀-၈၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ပြီး (ပထမပတ်)နှင့်ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။
မန်ကျည်းသားများကို ပခုက္ကူမြို့ပေါ်ရှိ စားသောက်ကုန်လုပ်ငန်းရှင် လှောင်လက်သမားများမှ ဝယ်ယူထားရှိပြီး ပြန်လည်ရောင်းချကြကြောင်း၊ အကြော်ဆိုင်၊ အကင်ဆိုင်များမှ မန်ကျည်းသီး အချဉ်ရည်များ ပြုလုပ်ရန်အတွက် ဝယ်ယူခြင်း၊ မန်ကျည်းဖျော်ရည် လုပ်ငန်းများနှင့် မန်ကျည်း တော်ဖီလုပ်ငန်းရှင်များမှလည်း အများအပြား ဝယ်ယူသည့်အပြင် ရန်ကုန်မြို့နှင့် မန္တလေးမြို့များသို့လည်း တင်ပို့လျက်ရှိကြောင်း သိရှိရသည်။
DOCA(မကွေး)