မန္တလေးစားတော်ပဲစျေးကွက်

Powered by Drupal

             စားတော်ပဲမှာ ပြည်တွင်းစားသုံးမှုများပြားသည့်ပဲဖြစ်ပြီး၊စျေးကွက်အတွင်း အရောင်းသွက် သည့်ပဲအမျိုးအစားဖြစ်ကြောင်း သိရပါသည်။မန္တလေးတိုင်းဒေသကြီးအတွင်းအမရပူရ၊ပြင်ဦးလွင်၊  မိုးကုတ်၊ တကောင်း၊ စဉ့်ကူး၊မတ္တရာနှင့်မြင်းခြံမြို့နယ်တို့တွင် စားတော်ပဲများစိုက်ပျိုး ပြီး၊၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း စားတော်ပဲအပါအဝင် ပဲမျိုးစုံစိုက်ပျိုးမှု  ၁၀၁၉၄၇၇ ဧကဖြစ်ကြောင်းသိ ရပါသည်။ မန္တလေး ပွဲစား၊ ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင်  ၂၀၂၅ခုနှစ်  ဇွန်လ ဒုတိယပတ်အတွင်း ဖြစ်ပေါ်သည့်ပေါက်စျေးမှာ  ၃တင်းဝင်တစ်အိတ်လျင် စားတော်ပဲ (ကနေဒါ)    ၃၈၀၀၀၀ကျပ်နှင့်၃၉၀၀၀၀ကျပ်၊စားတော်ပဲ(ကျွန်း) ၄၈၀၀၀၀ ကျပ်နှင့်၅၀၀၀၀၀ကျပ်၊တစ်ပိဿာ လျှင်  စားတော်ပဲ (ကနေဒါ)  ၆၄၁၄ ကျပ်နှင့် ၆၅၈၂ ကျပ်၊ စားတော်ပဲ (ကျွန်း) ၈၁၀၁ကျပ်  နှင့် ၈၄၃၉ ကျပ်တို့ဖြစ်ကြောင်း သိရပါသည်။ ယခင်နှစ်ကာလတူတစ်ပိဿာပေါက်စေျးမှာစားတော်ပဲ (ကနေဒါ)၅၅၇၀ ကျပ်၊စားတော်ပဲ(ကျွန်း) ၄၀၅၁ ကျပ်နှင့် ၄၅၅၇ ကျပ်ဖြစ်ပြီး၊ယခုနှင့် ယခင် နှစ် ကာလတူ စျေးနှိုင်းယှဉ်ပါက တစ်ပိဿာလျှင်   စားတော်ပဲ (ကနေဒါ) ၁၀၁၂ ကျပ်နှင့် စားတော်ပဲ (ကျွန်း) ၃၈၇၄ကျပ်တို့စျေးပိုမိုရရှိပြီး၊သီးနှံပေါက်စျေးမှာ အချိန်နှင့်လိုက်၍ပြောင်းလဲမှုအနည်းငယ်ရှိကြောင်း သိရပါသည်။

DOCA(မန္တလေး)