အရောင်းသွက်သည့်ပဲတီစိမ်း

Powered by Drupal

           ပြည်တွင်းစားသုံးမှုနှင့်ပြည်ပသို့တင်ပို့သည့်ပဲတီစိမ်းမှာ စျေးကောင်းရသည့် ပဲအမျိုးအစား ဖြစ်ပါသည်။ မန္တလေးပဲမျိုးစုံစျေးကွက်သို့ ပဲတီစိမ်းဝင်ရောက်မှုအနေဖြင့် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ဝင် ရောက်ကြောင်း သိရပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း၂၀၂၄-၂၀၂၅ ခုနှစ် ပဲတီစိမ်းစိုက်ပျိုး မှု (၂၇၀၉၅၈)ဧက၊ ရိတ်သိမ်း(၂၅၃၄၄၁)ဧက၊ အထွက်နှုန်း(၁၁.၆၄)တင်းနှင့် အထွက် (၂၉၄၉၀၁၇) တင်း ဖြစ်ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ကုန်သည်၊ စက်ပိုင်များမဟာ ကထိန်တော် အသင်းတွင် ၂၀၂၅ခုနှစ်ဇွန်လဒုတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသောစျေးမှာ ၃တင်းဝင်တစ်အိတ် လျှင် ပဲတီစိမ်းအညာ ၂၉၀၀၀၀ ကျပ်နှင့် ၃၇၀၀၀၀ ကျပ်နှင့်တစ်ပိဿာစျေးမှာ ၅၁၅၆ကျပ်နှင့် ၆၅၇၈ ကျပ်တို့ဖြစ်ကြောင်း သိရပါသည်။ ယခင်နှစ်ကာလတူပဲတီစိမ်း(ညာ)တစ်ပိဿာစျေးမှာ ၃၄၆၇ ကျပ်နှင့် ၃၅၂၀ ကျပ်၊ပဲတီစိမ်း(ပဲခွဲ)၂၇၅၆ ကျပ်နှင့်၂၉၃၃ ကျပ်ဖြစ်ပေါ်ခဲ့ပြီး၊ ကာလတူ စျေးနှိုင်း ယှဉ်ပါက ပဲတီစိမ်းမှာစျေးပိုမိုရရှိကြောင်းသိရပါသည်။ ပဲတီစိမ်းဝင်ရောက်မှုပမာဏပေါ်မူ တည်၍ ရက်အလိုက်ပေါက်စျေး အနည်းငယ်ပြောင်းလဲမှုရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)