စက်မှုဇုန်ရှိ အထည်လိပ်စက်ရုံများသို့ ကွင်းဆင်း

Powered by Drupal

                စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူး ဦးဇော်မင်း ဦးဆောင်သောအဖွဲ့သည် ဒေသတွင်း MSME လုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက်မိတ္ထီလာမြို့စက်မှုဇုန်ရှိ ယက္ကန်းစက်၊ အထည်လိပ်၊ အထည်ချုပ်လုပ်ငန်းများသို့ သွားရောက်ကွင်းဆင်း လေ့လာခဲ့ကြောင်းသိရသည်။ မိတ္ထီလာမြို့ စက်မှုဇုန်ရှိ ယက္ကန်စက်များအနေဖြင့် အထည်လိပ် (ပိတ်အုပ်)၊ ပုဆိုး၊ စောင်၊ ပတ်တီးလိပ် (ဆေးဝါး ပစ္စည်း) တို့ကို ထုတ်လုပ်ရာ လိုအပ်သောကုန်ကြမ်း ၁၀ ရည် ချည်၊ ၂၀ ရည်ချည်၊ ၁/၄၀ချည်တို့ကို ဝမ်းတွင်းမြို့နယ်မှအများဆုံးမှာယူပြီး၊ မြစ််သား၊ ပုလိပ်တို့မှလည်း မှာယူကြောင်း၊ ချည်ချော ၂-၂၀၀ ၊ ၂-၈၀ ချည်များကို ပွဲထိုင်ပုဆိုများအတွက် အမရပူရမှ မှာယူကြောင်း သိရသည်။ ယက္ကန်းနှင့်တွဲ၍ အထည်ချုပ်လုပ်ငန််းတြွဖက်လုပ်ကိုင်သည့် စက်ရုံအချို့မှာချုပ်ပြီး အထည်များအနေနှင့် မဝတ်၊ ကလေးဝတ်အင်္ကျီ ၊ ဘောင်ဘီ၊ ဂါဝန်တို့ကို ရန်ကုန်၊ မန္တလေးနှင့် အနယ်နယ်အရပ်ရပ်သို့ တင်ပို့နိုင် ကြောင်းသိရသည်။

                စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်အနေဖြင့် ဒေသတွင်း အသေးစား၊ အငယ်စား၊ အလတ်စားစက်မှုလက်မှုလုပ်ငန်းများ လုပ်ငန်းလည်ပတ်မှုအခြေအနေ၊ ကုန်ကြမ်း၊ ကုန်ချောဈေး ကွက်ဈေးနှုန်းများကို လေ့လာသိရှိနိုင်ရန် ကွင်းဆင်းလေ့လာခြင်းဖြစ်ကြောင်း သိရှိရသည်။

DOCA(မန္တလေး)